NEWS

ရုရှားနိုင်ငံသားပိုင် ကားအငှားလုပ်ငန်းကို ဝင်ရောက်စီးနင်းစစ်ဆေးရာ မြန်မာဝန်ထမ်း ၅ ဦးအဖမ်းခံရ

CoverLogo
243 Views
 
ခရီးသွားတွေရဲ့ တိုင်ကြားမှုအရ ထိုင်းခရီးသွားရဲတပ်ဖွဲ့ဟာ ကော့ဖငန်ကျွန်းပေါ်ရှိ ရရှားလူမျိုးပိုင်ကားအငှားကွန်ရက်ကိုဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ရာမြန်မာနိုင်ငံသား စက်ပြင်ဆရာ၃ဦး ၊အိမ်သန့်ရှင်းရေး၂ဦးပါဖမ်းဆီးခံရခဲ့ကြောင်း ထိုင်းသတင်းဌာနများ ဖော်ပြချက်အရသိရပါတယ်။
 
ရဲမှူးချုပ်ကြီး ခရစ် ဝါရစ် (Police Major General Krits Warit) ဦးဆောင်ပြီး အောက်တိုဘာ ၂၁ရက်တွင် အဆိုပါလုပ်ငန်းသို့ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ကား ဆိုင်ကယ်အစီးရေလေးရာနီးပါးနှင့်အတူ ဖောက်သည်ဝန်ဆောင်မှုပေးသူ ရုရှားလူမျိုးတစ်ဦးလုပ်ငန်းကိုစီမံခန့်ခွဲသူ ထိုင်းလူမျိုးတစ်ဦးနှင့်အတူ မြန်မာအလုပ်သမားငါးဦးပါအဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။
 
မြန်မာအလုပ်သမားစက်ပြင်ဆရာတစ်ဦးမှ ဆိုင်ကယ်များကို သူငယ်ချင်းမြန်မာတစ်ဦးထံမှတစ်ဆင့်စျေးပေါပေါဖြင့်ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည့်အတွက် အဆိုပါလုပ်ငန်းသည် ခိုးယူထားသောယာဥ်များနှင့်ဆက်စပ်မှုရှိနိုင်သည်ဟုသံသယရှိသဖြင့် သိမ်းဆည်းရမိသောယာဥ်များ၏မူရင်းကိုခြေရာခံနိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရပါတယ်။
 
အဆိုပါကားအငှားကုမ္ပဏီသည် တရားဝင် ဟိုတယ်လိုင်စင်မရှိဘဲ နေ့စဉ် အခန်းအငှားဝန်ဆောင်မှုများ ကိုလည်းပေးနေခြင်းဖြစ်ပြီး ထိုင်းလူမျိုးနာမည်ခံပြီးလုပ်ကိုင်နေတဲ့ လုပ်ငန်း ဟုတ် မဟုတ် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်းသိရပါတယ်။

Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026