NEWS

ရုန်(လ်)သာ အထည်ချုပ် စက်ရုံ ည ၁၂ နာရီအထိ အချိန်ပိုခေါ်ယူပြီး နောက်ရက် အလုပ် ဆက်ဆင်းခိုင်း

CoverLogo
1.7K Views

ရုန်(လ်)သာ Rong Da အထည်ချုပ် စက်ရုံဟာ  ည ၁၂ နာရီအထိ အချိန်ပိုခေါ်ယူပြီး နောက်တစ်ရက် ဆက် အလုပ်ဆင်းခိုင်းနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ် ။ စက်ရုံအတွင်း အခုလို အချိန်ပို လုပ်ကိုင်ခိုင်းတာ ၂ ပတ်ဆက် ရှိနေပြီလို့ စက်ရုံအလုပ်သမားတွေက ပြောဆိုပါတယ်။

“ အရေးကြီးရင် ကြီးသလို အချိန်ပို ခေါ်ယူတာတွေရှိပါတယ်။ အခုတော့ ၂ ပတ်ဆက် အချိန်ပို ဆင်းခဲ့ရ ပါတယ်။ အချိန်ပိုလုပ်ရမယ်လို့တော့  ကြိုတင် အကြောင်းကြားတာမျိုး မရှိဘူး။ ည အချိန်ပို လုပ်ရမယ်ဆို မနက်ပိုင်းလောက်မှ ပြောကြတယ်။” လို့ ပြောပါတယ်။

အလုပ်သမားရေးရာ ညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားလွှာမှာတော့ စက်ရုံက အချိန်ပိုလုပ်ကိုင်မယ်ဆိုရင် အလုပ်သမားတွေရဲ့ ဆန္ဒကို ကြိုတင်မေးမြန်းရမှာဖြစ်ပြီး ၂၄ နာရီကြိုတင်ကာ  ဦးစီးဌာနကို တင်ပြခွင့် တောင်းရ မယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ၁၀ ရက်ဆက်လုပ်ကိုင်မှုကို ဖြစ်စေမဲ့ ရက်စားထိုး လုပ်ကိုင် ခွင့်ကို လည်း ဦးစီးဌာနက ခွင့်ပြုထားတာမရှိပါဘူး။ ရက်သတ္တပတ်အတွက် အချိန်ပိုလုပ်ခွင်ကို  နာရီ ၂၀ သာ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အချိန်ပို ရက်ဆက် ဆင်းနေရတာကို စက်ရုံအလုပ်သမားတစ်ဦး FGWM ရဲ့ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ အခုလို မှတ်ချက်ပြုထားပါတယ်။

“ အချိန်ပို ၁၂ နာရီအထိဆင်းတယ် ။  ot ကြေးပေးတဲ့အပြင် ထမင်းကျွေး ကော်ဖီတိုက် ၊ နောက်နေ့ ဆက် ဆင်းရင် ထမင်းဖိုး ၄၀၀၀  ထပ်ပေးတယ်” ဆိုပြီး ပြောဆိုထားပါတယ်။

ဒါပေမဲ့ နောက်နေ့ ဆက်မဆင်းပါက ကျပ် ၄၀၀၀ မရတဲ့အပြင် ရက်မှန်ကြေးလို ရပိုင်ခွင့်တွေကို ပယ်ဖျက် လိုက်တယ်လို့လည်း စက်ရုံ အလုပ်သမား နောက်တစ်ဦးက ပြောပါတယ်။ ဒီလို အခွင့်အရေးတွေ ပယ်ဖျက် တာကြောင့်နဲ့ နေအိမ်ပြန်ဖို့ အခက်အခဲရှိတာကြောင့် ရက်ဆက် လုပ်ကိုင်နေရတယ်လို့ ပြောပါ တယ်။

“ အလုပ်သမားတွေအများစုက နယ်ကလာကြတော့ စားဖို့ နေဖို့ သွားလာဖို့ အခက်အခဲ ရှိတယ်။ ဒါကြောင့် မပြန်နိုင်တော့ဘဲ ဆက်လုပ်လိုက်ရတာ။ နောက်စက်ရုံဘက်လည်း ဒီလိုဖြစ်အောင် လုပ်ထားတယ်” လို့ စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။

Rong Da Garment Company Limited ရဲ့ (ရုန်လ်သာ)အထည်ချုပ်စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်၊ ဝါးတရာ စက်မှုဇုန်မှာ လုပ်သား ၁၇၀၀ ကျော် နဲ့ စက်ရုံဖွင့်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။  BELDVED/ Lc Walklkl BASIC စတဲ့ ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေပြီး စက်ရုံပိုင်ရှင် ကတော့ တရုတ် နိုင်ငံသား ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Labour News က ထုတ်ဝေခဲ့တဲ့  ၂၀၂၂ ခုနှစ်အတွက် သတင်း အနှစ်ချုပ်မှာ  Rong Da Garment စက်ရုံဟာ အလုပ်သမားတွေအပေါ် ချိုးဖောက်မှု ၂ ကြိမ်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အလုပ်သမား အမျိုးသမီးတစ်ဦး လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင် လက်မှာ ဒဏ်ရာရှိခဲ့ပေမဲ့ လျော်ကြေး ကျပ် ၂၀၀၀၀ ပေးပြီး အလုပ်ထုတ်ခဲ့တာ ၊ အများပြည်သူရုံးပိတ်ရက်မှာ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်းတာ၊ လုပ်ငန်းခွင်အတွင်း ရိုင်းဆိုင်းစွာ ပြောဆို ခိုင်းစေတာ၊ လူမှုဖူလုံရေး ခွင့်နဲ့ အလုပ်ပိတ်ရက် ခံစားခွင့်မရ ၊ အထည်စံချိန်မပြည့်တာနဲ့ အချိန်ပိုဆင်းဖို့ ငြင်းပယ်ပါကလည်း အလုပ် ထုတ်ပယ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို့ အဲဒီ အနှစ်ချုပ် မှာ ဖော်ပြထားပါတယ်။

စက်ရုံလုပ်သားတွေအတွက် နားရက်မရှိ အလုပ်လုပ်ကိုင်ရတဲ့အတွက် အိပ်ရေးမဝတာ၊ စက်ရုံတွင်း အိပ်တဲ့ ရက်တွေမှာ ခြင်ကိုက်တာကြောင့် ဒဏ်ရာအနာတရ ဖြစ်တာတွေရှိပြီး လူမှုရေး၊ ကျန်းမာရေးတွေ ထိခိုက် ခဲ့တယ်လို့ အလုပ်သမားတွေက ပြောဆိုတာကို Myanmar Labour News မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂ ရက်က ဖော်ပြခဲ့ပါသေးတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026