NEWS

ရန်ကုန်ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့စာရင်းမှာအဆင့်(၂)အဖြစ်ရောက်ရှိလာ

CoverLogo
848 Views
 
ကမ္ဘာ့လေထု အရည်အသွေးတိုင်းတာတဲ့အဖွဲ့အစည်း IQ Air ကနေ ယနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ရန်ကုန်မြို့ရဲ့လေထုအခြေအနေကိုတိုင်းတာချက်အရ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့စာရင်းမှာအဆင့်(၂)အဖြစ်ရောက်ရှိလာပြီလို့ ဖော်ပြလိုက်ပါတယ်။
 
ဖေဖော်ဝါရီလ (၃) ရက်ယနေ့ မနက် (၈)နာရီခွဲ AQI ညွှန်းကိန်းများအရ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ AQI ညွှန်းကိန်းမှာ (၂၂၆) ဖြစ်ကာ PM2.5 150.6 µg/m³ ဖြင့် (၂၀၂၅) ခုနှစ်တွင်အဆိုးဆုံးသောနေ့အဖြစ်မှတ်တမ်းဝင်သွားပြီးလူ့ကျန်းမာရေးအတွက်အန္တရာယ်ရှိတဲ့လေထုအဆင့်ဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။
 
IQ Air ဝက်ဘ်ဆိုက် ကနေ ကမ္ဘာ့နိုင်ငံ ၂၃၀ကျော်က မြို့တော်တွေရဲ့ လေထုညစ်ညမ်းမှု အခြေအနေတွေကို နေ့စဉ်ထုတ်ပြန်ဖော်ပြလာရာမှာ ရန်ကုန်မြို့လေထုဟာပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း လေထုညစ်ညမ်းမှုအဆင့် ၄ အထိရောက်ရှိခဲ့ကာ အခုဖေဖော်ဝါရီလမှာတော့ပိုမိုဆိုးရွားတဲ့ လေထုညစ်ညမ်းတဲ့အခြေအနေ အဆင့်သတ်မှတ်ချက်၂အထိရောက်ရှိလာတာပါ။
 
ဒါဟာပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လေထုညစ်ညမ်းလို့ ရုံးတွေကျောင်းတွေအထိ ပိတ်ခဲ့ရတဲ့ ကျန်းမာရေးထိခိုက်နိုင်တဲ့လေထုအခြေအနေဖြစ်ပေါ်‌မှုထက် ရန်ကုန်လေထုညစ်ညမ်းမှုကပိုဆိုးလာနေတာလို့လည်းသိရပါတယ်။
မြန်မာနိုင်ငံကစစ်‌ကောင်စီလက်‌ အောက်ရှိမိုးလေဝသနဲ့ဇလဗေဒ ဦးစီးဌာနကတော့ ကမ္ဘာ့လေထု အရည်အသွေးတိုင်းတာတဲ့အဖွဲ့အစည်း IQ Air ရဲ့ ထုတ်ပြန်တဲ့ဒေတာတွေဟာ ‌‌ ‌မြေပြင်အခြေအနေနဲ့ ကွာဟမှု ၊ကွဲလွဲမှုတွေရှိနိုင်တယ်လို့ ပြောထားပါတယ်။
 
"IQ Air ရဲ့ ထုတ်ပြန်တဲ့ဒေတာတွေက လက်တွေ့မြေပြင်မှာ မိုးလေဝသတိုင်းတာတဲ့ကိရိယာနဲ့တိုင်းတာထက်တော့ အချက်အလက်ကွာနိုင်တယ်။ဘာလို့လဲဆိုတော့ IQ Air ရဲ့ဒေတာတွေက satellite ဂြိုလ်တု ကနေ နည်းပညာနဲ့ တွက်ချက်တိုင်းတာဖြစ်တော့ မြေပြင်ထက် အာကာသဂြိုလ်တုကနေလှမ်းမြင်တဲ့အခြေအနေကိုယူတာပေါ့။ဒါဟာအိမ်နီးချင်းနိုင်ငံတွေဘက်ကနေ မြင်နေရတဲ့မြူခိုးနဲ့လေထုတွေ ကိုယ့်ဘက်လွင့်လာပြီးမသဲကွဲတာမျိုးလည်းဖြစ်နိုင်တယ်။အဓိကတော့လေထုညစ်ညမ်းမှုဆိုတာ မိုးလေကင်းလွတ်ပြီး မြူထူဆိုင်းတဲ့ဆောင်းရာသီမှာ ပိုဖြစ်နိုင်တယ်။ဒါကြောင့် မကျန်းမာတဲ့အဆင့်လေထုညစ်ညမ်းပြီလို့ ပြောလာပြီဆိုရင် အပြင်ထွက်ရင်mask နှာခေါင်းစည်းတပ်တာအပြင် အတတ်နိုင်ဆုံးအပြင်ထွက်တာကို အဲ့ဒီ့အချိန်မှာဆင်ခြင်ကြရင်ပိုကောင်းပါတယ်"လို့ မိုးလေဝသပညာရှင်တစ်ဦးက မှတ်ချက်ပြုထားပါတယ်။
 
ယနေ့ဖြစ်ပေါ်နေတဲ့ ရန်ကုန်လေထုအခြေအနေAQI 200 အထက်(ခရမ်းရောင်အဆင့်)ဟာကျန်းမာရေးကို အလွန်ထိခိုက်စေနိုင်တဲ့ အညွှန်းကိန်းဖြစ်တာကြောင့် မလိုအပ်ပဲ အပြင်မထွက်ကြဖို့နဲ့ မနက်စောစော လေ့ကျင့်ခန်းလုပ်တာမျိုးတွေမှာ ဂရုပြုကြဖို့ လိုအပ်သလို အပြင်ထွက်တဲ့အခါတွေမှာ mask တပ်သွားကြဖို့လည်း ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
 
လေထုညစ်ညမ်းမှုဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာပြသနာတွေအပြင် မျက်စိစပ်တာ၊ အရေပြားယားယံတာနဲ့ ချောင်းဆိုးခြင်းတွေကိုလည်းဖြစ်စေနိုင်တယ်လို့သိရပါတယ်။
 
"ဖေဖေါ်ဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေထဲမှာ မြူဆိုင်းတဲ့ရာသီဥတုအခြေအနေ(Foggy Weather Condition or Mist) ဖြစ်နိုင်မယ်လို့ တွေ့ရပါတယ်။ဒီလိုဖြစ်တတ်တာဟာ နှစ်စဉ်ဆောင်းအကုန်-နွေအကူး ဖေဖေါ်ဝါရီလအတွင်း တွေ့ရတတ်တဲ့ ပုံမှန်ရာသီဥတုအခြေအနေပါဘဲ။ မနက်အစောပိုင်း ၉ နာရီလောက်အထိ အမြင်တာ(Visibility) လျော့ကျပြီး လက်ရှိအချိန်အထိ ကြိုတင်ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၂၀၂၅ ခုနှစ် Fog ကျတာ(မြူဆိုင်းတာ)က အနည်းငယ်စောနိုင်ကြောင်းလဲ တွေ့ရပါတယ်။" လို့ယနေ့နေ့လယ်၁နာရီခွဲအချိန်မှာ မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကသူ့ရဲ့လူမှုကွန်ယက်မှာဖော်ပြထားပါတယ်။
 
"IQAir ရဲ့ လေထုညစ်ညမ်းမှုအခြေအနေအဆင့်(LIVE Ranking) က ဒီနေ့(ဖေဖေါ်ဝါရီ ၃ ရက်)နေ့လည် ၂ နာရီမှာ မြန်မာနိုင်ငံရန်ကုန်မြို့ ဟာ အဆင့် ၂ မှ ၁၄ ကို လျော့ကျသွားတာတွေ့ရပါတယ်။ AQI Index ကတော့ ၁၆၀ ရှိနေသေးတာကြောင့် လေထုညစ်ညမ်းမှုအခြေအနေကတော့ ရှိနေဆဲဖြစ်ပါတယ်။
 
Real-time Weather Station တပ်ဆင်ထားတဲ့ မင်္ဂလာဒုံ station က အချက်အလက်တွေအရဆိုရင်တော့ AQI Index 112 နဲ့ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် CO2 ပါဝင်မှုအခြေအနေတွေက မြင့်မားနေဆဲဖြစ်တာတွေ့ရပါတယ်။"လို့ မိုးလေဝသလေ့လာစောင့်ကြည်သူ ဦး၀င်းနိုင်က လူမှုကွန်ယက်မှတဆင့်မျှဝေထားပါတယ်။

Related posts

Cover
အားကောင်းသော မုန်တိုင်းငယ် မွန်ပြည်နယ် ကျိုက်ထိုမြို့၏ တောင်ဘက်မှ စတင်ဖြတ်ကျော် အညိုအဆင့်သတိပေးချက် မိုးဇလ ထုတ်ပြန်
Sep 28, 2026
Cover
အနီရောင်အဆင့် မုန်တိုင်းငယ်  မော်လမြိုင် သုံးခွနှင့်ပဲခူးအနီးကို ဗဟိုပြုနေ
Sep 28, 2026
Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
နိုဝင်ဘာ တတိယ ၁၀ ရက် ပတ်အတွင်း လာနီညာ ဖြစ်ပေါ် နိုင်ဟု မိုးဇလအသိပေး
Nov 21, 2025
Cover
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဟုဆို
Nov 06, 2025
Cover
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ မိုးကြီးမည်
Nov 04, 2025