NEWS

ရန်ကုန်မြို့တွင်း အိမ်ငှားရမ်းခ ၂ ဆ ခန့်မြင့်တက်လာ

CoverLogo
439 Views
 
စစ်ရှောင်အများအပြားရွှေ့ပြောင်းရောက်ရှိလာတဲ့ရန်ကုန်မြို့မှာအိမ်ငှား ရမ်းခတွေမြင့်တက်လာသလိုအိမ်ရှင်တွေရဲ့သတ်မှတ်ချက်နှုန်းထားတွေဟာလည်းအရင်ကထက်များလာတယ်လို့ငှားရမ်းနေထိုင်သူတွေဆီကသိရပါတယ်။
 
လက်ရှိမှာအိမ်ငှားရမ်းခတွေဟာအရင်ကထက်နှစ်ဆနီးပါးဖြစ်လာပြီးမြို့ထဲပိုင်းမှာတင်မကဘဲမြို့ပြင်ဘက်တွေမှာပါမြင့်တက်လာတာဖြစ်ပါတယ်။လက်ရှိမှာ သာမန်​မိသားစုတစ်စု နေထိုင်ရုံ တိုက်ခန်း​အငှား ဈေးနှုန်း​တွေအ​နေနဲ့ တလလျှင် ၄ သိန်းက​နေ ၇ သိန်း၀န်းကျင်အထိ ​ဈေး​ပေါက်​နေပါတယ်။
 
လက်ရှိမှာအိမ်ရှင်တွေကငှားရမ်းခကိုအနည်းဆုံး‌ခြောက်လ ထိတောင်းခံပြီးတစ်လချင်း ​ပေးလိုသူ‌​တွေ ၊ ငှားရမ်းခ‌ ​လျှော့​ပေး​စေလိုသူ ​​တွေကိုစပေါ်သိန်းရာချီတောင်းယူတာတွေလည်းရှိနေပါတယ်။ "တစ်လ ၃ သိန်း ခွဲ၊ ၄ သိန်း တန်​လောက်ဆို ခပ်ကျဥ်းကျဥ်းရမယ် ​တော်​တော်​တော့ရှာရခက်မယ် ​မြို့ထဲ မှာ ရှားသွားပြီ"လို့ အိမ်ငှား​နေသူတစ်ဦးက​ပြောပါတယ်။
 
ရန်ကုန်က မြို့နယ်အချို့မှာ အိုးအိမ်က တည်​ဆောက်​ပေးထားတဲ့ အငှားအိမ်ရာ​တွေမှာလည်း အခန်းလွတ်မရှိသ​လောက်ဖြစ်တာ​ကြောင့် အိမ်ငှား​နေသူဦး​ရေရဲ့ ရာခိုင်နှုန်း အနည်းငယ်သာ ​ငှားရမ်း နေထိုင်ခွင့်ရ​နေတာပါ။ဒါ့အပြင်အိမ်ခြံမြေအကျိုးဆောင်တွေကလည်းဝန်ဆောင်ခကို ငှားရမ်းခ တစ်လစာထိတောင်းခံနေတာကြောင့်အိမ်ငှားရမ်းနေထိုင်သူတွေဟာအခက်အခဲတွေဖြစ်နေပါတယ်။
"အရင်ကလှည်းတန်းစင်တာဘေးမှာနေတာတစ်လနှစ်သိန်းပဲ။နောက်တော့ဗဟိုလမ်းခိုင်ရွှေဝါဘက်ပြောင်းတော့အစကနှစ်သိန်းခွဲက​နေ လေးသိန်းထိတောင်းတယ်။သုံးသိန်းရှစ်သောင်းနဲ့သားအမိနှစ်ယောက်တည်းနေတာပါ။
 
လူပိုမရှိပါဘူးဆိုပြီးပြောနေတယ်။ပွဲစားခတစ်လစာပေးရတယ်။ရေဖိုးတစ်လကိုးထောင်ပေးရတယ်။မီတာခကတော့သုံးသလောက်ပေးပါပဲ။ဒီနေရာကဈေးကြီးလို့တခြားနေရာရှာလည်းမတိမ်းမယိမ်းပဲ"လို့ဗဟိုလမ်းခိုင်ရွှေဝါမှတ်တိုင်အနီးမှာနေထိုင်သူတစ်ဦးကပြောပါတယ်။
 
ဒါ့အပြင် အိမ်ငှားရမ်းမည်ဆိုပါက ယခင်​နေထိုင်ခဲ့တဲ့ မြို့နယ်က ​ထောက်ခံစာ​တွေ ရှိမှ အိမ်ငှားနိုင်မယ်ဆိုတဲ့အချက်​တွေလည်း အိမ်ရှင်​တွေဘက်က ​ထပ်တိုး​တောင်းဆိုလာကြပါတယ်။
 
"မြို့ထဲမှာမကပ်နိုင်လို့။မြို့ပြင်ခေါ်မလား ရွှေပြည်သာဘက်မှာနေဖြစ်တယ်။ဒီမှာတော့လုံးချင်းကိုနှစ်သိန်းပေးရတယ်။သွားလာရေးကဝေးတယ်။ဒါပေမယ့်လူအုပ်နဲ့နေလို့ရသေးတော့အဆင်ပြေတယ်။ကလေးများရင်အိမ်ရှင်တွေကသိပ်မငှားချင်ကြတော့မြို့ပြင်ဘက်ပဲနေလိုက်တယ်"လို့ရွှေပြည်သာမြို့နယ်မှာနေထိုင်သူစစ်ရှောင်တစ်ဦးကပြောပါတယ်။
 
လက်ရှိမှာရန်ကုန်မြို့တွင်းမှာစစ်ရှောင်နေထိုင်သူတွေတင်မကဘဲရန်ကုန်မြို့တွင်းမှာတင် နေအိမ်တွေကပြောင်းရွှေ့နေထိုင်သူတွေရှိနေတာပါ။
 
ဒီအခြေအနေတွေကြောင့်လည်းအိမ်ငှားရမ်းခတွေမြင့်တက်လာပြီးလူအရေအတွက်များတာ၊ ကလေးများတာ၊ ယောကျာ်းလေးတွေစုနေတာတွေကို​ပေးမငှားတာတွေအထိရှိလာပါတယ်။
 
"အစကအောက်ထပ်မှာအမနေတာပါ။အခုကစစ်ရှောင်မိသားစု ၃ စုပေါင်းနေကြတယ်။တစ်လသုံးသိန်းနဲ့ထားတယ်။အိမ်က(၁၀)ပေ(၆၀)အပြည့်ဆောက်ထားတာပါ။သူတို့ဘာသာပေါင်းနေကြတာ။အသိကချိတ်ပေးတာပါ။ငှားခကများတယ်ဆိုပေမယ့်လူကြီးတွေကောကလေးတွေပါမနည်းဘူး။"လို့လှိုင်သာယာမြို့နယ်က အိမ်ပိုင်ရှင်တစ်ဦးပြောပါတယ်။
 
လက်ရှိမှာတိုက်ခန်းတွေ၊ လုံးချင်းအိမ်တွေလည်းငှားရမ်းခတွေမြင့်တက်လာသလိုလူအများစုနေကြတဲ့အဆောင်တွေမှာလည်း မီတာခနှုန်းထားတက်လာတာကိုအကြောင်းပြပြီးကျပ်သောင်းဂဏန်းထိတိုးတောင်းနေတယ်လို့အဆောင်တွေမှာနေထိုင်သူတွေဆီကသိရပါတယ်။

Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026