NEWS

ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေ အခြေခံရေစစ်မျဉ်းအထက် ပေ ၂၀ မှ ၂၁ပေ အထိ မြင့်တက်နိုင်တယ်လို့ ဆိပ်ကမ်းအာဏာပိုင်သတိပေးထား

CoverLogo
706 Views

စက်တင်ဘာ ၁၇ ရက်က​နေ  စက်တင်ဘာ ၂၃ ရက်နေ့  ကာလအတွင်းမှာ ရန်ကုန်မြစ်အတွင်း  မြစ်ရေဟာအခြေခံရေစစ်မျဉ်းအထက်  ၂၀ ဒသမ ၁၁ ပေခန့်မှ့ ၂၁ဒသမ ၇၂ ပေခန့်အထိသာမန်ထက်  ထူးကဲဒီရေ  တက်ဖွယ်ရှိတယ်လို့  မြန့်မာ့ဆိပ်ကမ်း  အာဏာပိုင်က သတိပေးချက် ထုတ်ပြန်  ထားပါတယ်။ 

ထူးကဲဒီရေဟာ  ယခင် ၂၀၁၄ - ၂၀၁၅ ခုနှစ်က အမြင့်ပေ ၂၂ပေအထိတက်ခဲ့ဖူးတဲ့အတွက်  စိုးရိမ်ဖွယ်မရှိဘူးလို့ဆိုပေမဲ့အခြေခံရေစစ်မျဉ်းအထက်  အမြင့်ပေ  ၂၀ ကျော်လွန်နိုင်တဲ့ အတွက်  မြစ်ကမ်းနားဒေသအနီး  နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့  ကြိုတင်ပြင်ဆင်ထားနိုင်ဖို့   သတိပေးချက် ထုတ်ပြန်တာဖြစ်တယ်လို့  မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကထုတ်ပြန်ထားပါတယ်။ 

ထူးကဲ ဒီရေနဲ့  ပက်သက်ပြီး  ပုဂ္ဂလိက မိုးလေဝသ ​လေ့လာသူ   ဦးဝင်နိုင်က အခုလို  အသိပေးထားပါတယ် "" မြစ်ရေတွေက ဆက်လက် ကျဆင်းနေတဲ့အတွက်  ၁၇ ရက်မှ ၂၁ အတွင်းထူးကဲဒီရေ တက်တဲ့အချိန်တွေမှာလဲ  ရန်ကုန်မြို့နဲ့အနီးပတ်ဝန်းကျင်က အနိမ့်ပိုင်း  ဒေသအချို့မှာသာ ရေတက်နိုင်  ရေကြီးနိုင်ခြေ  ရှိပါတယ်  တစ်ခု  မေ့ထားလို့မရတာက ဘယ်နေရာမဆို ရေတက်ရင်  ရေကြီးရက်  ရေတက်တာကအတော် မြန်တတ်ပါတယ်  ရေပြန် ကျရင်တော့ နှေးကွေးနေတတ်ပြီး သောက်ရေ  သုံးရေ  လျှပ်စစ်မီးကအစ အခက်အခဲတွေ ဖြစ်လာတာကြောင့်  ကျန်းမားရေး ဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေအတွက်  ကြိုတင် ပြင်ဆင်ထားရမယ်လို့""  ဆိုပါတယ်။ 

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုးဦးစီးဌာန ရဲ့  စက်တင်ဘာ ၁၇ရက် နံနက် ပိုင်း  ထုတ်ပြန်ချက်အရ    အိန္ဒိယ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကုန်းတွင်းပိုင်းဒေသများတွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)ကြောင့်ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာ ကျဲကျဲ၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် တနင်္သာရီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့သိရပါတယ်။ 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ  တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၃၀မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီးလှိုင်းအမြင့်မှာ  ၇ ပေမှ ၉ ပေခန့် ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

 


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026