NEWS

ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်

CoverLogo
35 Views
 
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်သွင်းတင်ပို့မှု ကို ကုန်သေတ္တာစနစ်နဲ့ ဆောင်ရွက်လျက်ရှိရာကနေ အောက်တိုဘာ ၁ ရက် မှ စကာ MACCS စနစ်နဲ့ ပြောင်းလဲဆောင်ရွက်မယ်လို့ အကောက်ခွန်ဦးစီးဌာနက ကြေညာပါတယ်။
 
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် နယ်စပ်ကုန်သွယ်ရေးနည်းလမ်းနဲ့ ရနောင်း - ရန်ကုန် ကို ကုန်သေတ္တာစနစ် အသုံးပြုပြီး ပို့ကုန်သွင်းကုန်လုပ်ငန်း လုပ်ငန်းစဉ် ကို ၂၀၂၄ ခုနှစ် ဇွန်လ မှစတင်ကာ Manual နည်းလမ်းဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။
 
ယခုအခါ ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်ဖြင့် တင်သွင်းတင်ပို့မှု များ အတွက် ကြေညာလွှာ ဖွင့်လှစ်တာကို Manual နည်းလမ်း အစား အောက်တိုဘာ ၁ရက်မှစပြီး MACCSစနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
 
ဒါကြောင့် ပို့ကုန်သွင်းကုန် ကြေညာလွှာတင်သွင်းသူတွေဟာ ကြေညာလွှာမှာ မိမိတို့ တင်ပို့တင်သွင်းမှုနဲ့ သက်ဆိုင်တဲ့ မပျက်မကွက်ဖြည့်စွက်ရမယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ကြေညာလွှာမှာ Station ၊ Section Mode of Transport နဲ့ Loading /Unloading Location တွေကို အထူးဂရုပြုဖြည့်စွက်ရမယ်လို့ ဆိုပါတယ်။
MACCS စနစ်ဆိုတာမှာ အလိုအလျောက်ကုန်စည်လွှဲပြောင်း သယ်ယူခွင့်ပေးပို့စနစ်ဖြစ်ကာ စာရွက်စာတမ်းဖြင့်ဖြည့်စွက်ရတာတွေကို အွန်လိုင်းနဲ့ အလွယ်တကူ ပြုလုပ်နိုင်အောင် လုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။
 
၎င်းစနစ်အရ သွင်းကုန်ကြေညာလွှာတွေကို အလိုအလျှောက်လက်ခံစိစစ်ပေးပြီး ကျသင့်အခွန်တွေကိုအလိုအလျှောက်တွက်ချက်ကာ ငွေပေးချေမှု လုပ်ငန်းစဉ်ပြီးတာနဲ့ကုန်ပစ္စည်းထုတ်ယူခွင့်ကို စက်ကနေအလိုအလျောက်ပြန်ချပေးတဲ့စနစ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

Related posts

Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025
Cover
မလေးရှားသို့ သွားရောက်မည့် မြန်မာရွှေ့ပြောင်းလုပ်သား ၉၀ ဦး ထိုင်းမှာ အဖမ်းခံရ
Oct 01, 2025
Cover
အထောက်အထားမဲ့ လုပ်သားတင်ဆောင်သည့်ယာဉ်တိမ်းမှောက်ပြီး မြန်မာ၂၈ ဦး အဖမ်းခံရ
Sep 29, 2025
Cover
လုပ်ငန်းခွင်အတွင်း ထိုင်းအလုပ်သမားခေါင်းဆောင်က မြန်မာလုပ်သားအမျိုးသမီးကို အကြောင်းမဲ့ရိုက်နှက်သဖြင့် ရဲကိုတိုင်ကြား
Sep 29, 2025
Cover
ထိုင်းရောက်မြန်မာလုပ်သားများကို ကုန်ကျစရိတ် အခမဲ့ ဖြင့် အလုပ်ခေါ်ယူ
Sep 28, 2025
Cover
မလေးရှားတွင် မြန်မာအပါအဝင် အထောက်ထားမရှိသည့် နိုင်ငံခြားသားလုပ်သား ၆၀၀ ကျော်အဖမ်းခံရ
Sep 26, 2025