NEWS

ရနောင်းတွင်တောထဲ စွန့်ပစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ကလေး ၄ ဦး အပါအဝင် ၉ ဦးကို ထိုင်းရဲတပ်ဖွဲ့တွေ့ရှိ

CoverLogo
513 Views
 
ထိုင်းနိုင်ငံ ရနောင်း-ချမ်ဖွန် တောင်တန်း ရှိ တောထဲ တစ်နေရာမှာ လူကုန်ကူးသူတွေက စွန့်ပစ်ထားခဲ့သည့် မြန်မာနိုင်ငံသား ကလေးငယ် လေးဦးအပါအဝင် ကိုးဦး ကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိကာ ကယ်တင်ခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
နိုဝင်ဘာ ၅ရက် နေ့ က တောထဲမှာ လမ်းလျှောက်နေတဲ့ကလေးငယ်တွေနဲ့ လူတစ်စုကို တွေ့ရှိတဲ့ အတွက် ဒေသခံတွေက ထိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားရာ မှလူကုန်ကူးသူတွေ က စွန့်ပစ် ခဲ့တဲ့ မြန်မာနိုင်ငံသား အရွယ်ရောက်ပြီးအမျိုးသမီးလေးဦးနဲ့အမျိုးသားတစ်ဦး နဲ့ အသက် ၂ နှစ်မှ ၆ နှစ်ကြား ကလေးလေးဦး အပါအဝင် စုစုပေါင်း ကိုးဦးကို တောနက်အတွင်းကနေ ကယ်တင်နိုင်ခဲ့တာလို့ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ သွားရောက်ကယ်တင်စဉ်မှာ ကလေးငယ်လေးဦးကို တောင်စောင်းတစ်ခုရဲ့ ဝါးရုံပင် များနောက် မှာ ပုန်းအောင်းနေ တာ ကို တွေ့ရပြီး ကလေးငယ် တွေဟာ မောပန်းနွမ်းနယ်ပြီး ဆာလောင်နေပုံပေါက်ကာ ငိုနေတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံသားတွေဟာ ကော့သောင်းကနေတစ်ဆင့် ရနောင်းဘက်သို့ Boder pass ဖြင့် ဖြတ်သန်း ဝင်ရောက်ကာ မလေးရှား အထိ ဆက်လက်သွားရောက်ဖို့ စောင့်ဆိုင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာ ဖမ်းဆီးရမိသူတွေ ကို ကပိုး ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ဥပဒေ အရ အရေးယူဆောင်ရွက်မယ်လို့ ထိုင်းသတင်းမှာဖေါ်ပြထားပါတယ်။

Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026