NEWS

မြောင်းတကာစက်မှုဇုံက စိုးမိုးခိုင်သံရည်ကျိုစက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေရှိနေ

CoverLogo
2.1K Views

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုံက စိုးမိုးခိုင်သံရည်ကျိုစက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

စက်ရုံရဲ့ နန်းဆွဲ၊ ဖိုကြို၊ ဖိုထောင်း၊ လောင်းစင်၊ ပစ္စည်းအတင်အချ၊ စတို၊ ကရိန်းမောင်း၊ စာရေး စတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်သမား တစ်ရာနီးပါးရှိတယ်လို့ သိရပါတယ်။

အဆိုပါ အလုပ်သမားတွေဟာ တစ်ရက်ကို အလုပ်ချိန် ၁၂နာရီလုပ်ကိုင်ကြရပြီး ကျန်းမာရေးစောင့်ရှောက်မှုမရှိတာ၊ အများပြည်သူဆိုင်ရာ အစိုးရရုံးပိတ်ရက်တွေမှာ အလုပ်မပိတ်တာ၊ အချိန်ပိုကြေး ခေါင်းပုံဖြတ်ခံရတာ စတဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးနေကြရတယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံရဲ့ လုပ်ငန်းခွင်တစ်ခုမှာ လုပ်ကိုင်နေသူတစ်ဦးက "လုပ်နေရတဲ့အလုပ်သမားတွေက အန္တရာယ်များနေတဲ့ စက်ရုံဆိုပေမယ့်လည်းပဲ safety ဘာညာပိုင်းလည်း ဘာမှလုံခြုံမှုလည်းမပေးဘူး၊ ပြီးတော့ first aid တို့ ဘာတို့လည်း ပေးမထားဘူးဗျာ၊ လုပ်ငန်းခွင် မတော်တဆဖြစ်လည်းပဲ ကိုယ့်ဟာကိုယ် ပလာစတာဝယ်ကပ်ပဲ၊ safety ပိုင်းနဲ့ပတ်သက်ပြီး ဘာမှမရှိဘူး" လို့ Myanmar Labour News ကိုပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပိုင်း အင်မတန်နည်းပါးပေမယ့် လူမှုဖူလုံရေးကြေးကိုတော့ လစဉ်ဖြတ်တယ်လို့လည်း သိရပါတယ်။‌
ကပ်ရောဂါ ကာလဖြစ်တဲ့အတွက် အလုပ်သမားတွေကို အခြားစက်ရုံသို့ သွားရောက်ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေး ထိုးပေးထားတယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံမှာ လခစားနဲ့ နေ့စားအလုပ်သမားတွေ ရှိကာ နေ့စဉ် မနက်၆ နာရီကနေ ညနေ ၆နာရီအထိ ၁၂နာရီကြာ အလုပ်လုပ်ကိုင်ကြရပြီး တစ်လလုံးစာ အချိန်ပိုဆင်းကြေး နာရီ ၁၂၀ စာ ရရမှာ ဖြစ်ပေမယ့် နာရီ ၆၀စာ လုပ်အားခသာ ရရှိတယ်လို့ သိရပါတယ်။

အလုပ်သမားအများစုဟာ အခြေခံ လူတန်းစားတွေဖြစ်တဲ့အတွက် အလုပ်သမားတွေရရှိရမယ့်အခွင့်အရေးတွေကို သိနားလည်မှု မရှိကြသလို အလုပ်အကိုင်ဆုံးရှုံးပြီး စားဝတ်နေရေးခက်ခဲသွားမှာ စိုးရိမ်ကြတာကြောင့် အလုပ်ရှင်ထံ မည်သည့်တောင်းဆိုမှုမှမလုပ်ပဲ ရတဲ့အလုပ်မှာ လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် သံရည်ကျိုတဲ့ နေရာမှာ လုပ်ကိုင်နေရသူတွေအနေနဲ့ အညစ်အကြေး အမှုန်တွေအရမ်းများပြီး ၎င်းတို့ကို ထုတ်ပေးထားတဲ့ နှာခေါင်းစည်း(Masks)တွေကို စနစ်တကျတပ်ဆင်ဖို့ ကြပ်မတ်တာ မရှိဘူးလို့လည်းသိရပါတယ်။

အလုပ်ကို သွားလာဖို့အတွက် သယ်ယူပို့ဆောင်ရေးပိုင်းလည်း စီစဉ်ပေးထားခြင်းမရှိသလို သောက်သုံးရေအနေနဲ့လည်း သန့်ရှင်းမှု နည်းပါးသည့် စတီးရေကန်ထဲကရေကို အလုပ်သမားတွေကိုယ်တိုင် ကျိုချက်သောက်သုံးနေကြရတယ်လို့ သိရပါတယ်။

"ပြောချင်တာက ပိတ်ရက်တွေ၊ public holiday လိုမျိုး ပိတ်ရက်တွေကို ကျွန်တော်တို့ တိတိကျကျနဲ့ပိတ်ပေးစေချင်တယ်၊နောက်တစ်ခုက ဆင်းထားတဲ့အလုပ်ချိန်ကို တိတိကျကျနဲ့ ပြန်ပြီးတော့ရှင်းပေးစေချင်တယ်၊ အလုပ်ချိန် ၁၂နာရီ ရှိတာကို"လို့ပြောပါတယ်။

စက်ရုံပိုင်ရှင်ကတော့ တရုတ်နိုင်ငံသား ဝမ်ကျားရီဆိုသူဖြစ်ပြီး စစ်မှုထမ်းဟောင်း မန်နေဂျာ၃ဦးနဲ့ ကွပ်ကဲနေတဲ့စက်ရုံဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026