NEWS

မြဝတီမှ မဲဆောက် ကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၃ ဦး အဖမ်းခံရ

CoverLogo
404 Views

ထိုင်းနိုင်ငံ မဲဆောက်ထဲ သို့ မြဝတီ မှ တစ်ဆင့် သောင်းရင်းမြစ် ကို ဖြတ်ကူးပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၃ဦး ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းများအရ သိရပါတယ်။ 

ဖေဖေါ်ဝါရီ ၁၄ရက် ည၁၁နာရီ ခွဲ ခန့် မှာ ထိုင်း မြန်မာ ချစ်ကြည်ရေး တံတား အနီး ထိုင်းအာဏာပိုင်တွေက  ပတ်ဝန်းကျင် လုံခြုံရေး စစ်ဆေး မှု ပြုလုပ် ချိန်မှာ မြန်မာအလုပ်သမားတွေ ကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၁၀ ဦး တို့ကို ထိုင်း မြန်မာ ချစ်ကြည်ရေး တံတား အောက်မှာ တွေ့ရှိခဲ့ ပြီး ထိုင်းဘက်မှာ အလုပ်လုပ်ဖို့ အတွက် လာရောက်တာဖြစ်တယ်လို့ ဖမ်းခံရသူတွေက ထွက်ဆိုထားပါတယ်။ 

လက်ရှိမှာ တော့ အဖမ်းခံရတဲ့ မြန်မာအလုပ်သမား၂၃ ဦး ကို မဲဆောက်ရဲစခန်းမှာ ထိမ်းသိမ်းထားပြီး လဝက ဥပဒေ အရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 

ဖေဖေါ်ဝါရီ ၁၄ရက် မနက်ပိုင်းကလည်း ထိုင်းနိုင်ငံ ဖတ်ချဘူရီ ပြည်နယ် ရှိ စစ်ဆေးဂိတ်မှာ ကုန်တင်ယာဉ်တစ်စီး ပေါ် လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ၁၀၆ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။ 


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026