NEWS

မြန်မာ MOU အလုပ်သမား ၁၂၆ ဦး ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရသဖြင့် နစ်နာကြေး ဘတ် ၃ သန်း ခန့်ရရှိ

CoverLogo
368 Views
 
ထိုင်းနိုင်ငံ ပါကျင်ပူလီခရိုင်ရှိ သံစက်ရုံတစ်ရုံ မှာ Mou ဖြင့် အလုပ်လုပ်ကိုင်လျှက်ရှိ တဲ့ မြန်မာအလုပ်သမား (၁၂၆)ဦးကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်မှ ထုတ်ပစ်ခံခဲ့ရတဲ့ အတွက် နစ်နာကြေးဘတ် ၃ သန်း ခန့်ရရှိအောင် MHAC မဟာမိတ်အဖွဲ့နှင့် အန်ယူဂျီ အလုပ်သမား၀န် ကြီးဌာနမှ တာဝန်ရှိသူ ​တွေ ပူးပေါင်း ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာMOU အလုပ်သမား (၁၂၆)ဦးကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်မှ ထုတ်ပစ်ခဲ့တဲ့ အတွက် အလုပ်သမားများမှ မိမိတို့နစ်နာမှုအတွက် ကူညီဆောင်ရွက်ပေးပါရန် အောက်တိုဘာ ၂၉ရက် ညပိုင်း မှာ MHAC မဟာမိတ်အဖွဲ့ ထံ အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေရဲ့ အကူညီတောင်းခံမှုကြောင့် MHAC မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတွေကအောက်တိုဘာ ၃၀ ရက်မှာ ပါကျင်ပူလီ စဝါဒီကန်ရုံးသို့ အလုပ်သမားများနှင့်အတူ သွားရောက်တိုင်ကြားခဲ့တယ်လို့သိရပါတယ်။
အခုလို တိုင်ကြားတဲ့ အတွက် အလုပ်ရှင်သဌေးမှ အလုပ်သမားများ ကို ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ နစ်နာကြေး နှုန်းအတိုင်း အလုပ်သမား တစ်ဦး ကို နစ်နာကြေးနှစ်လစာ (၁၈၀၀၀)ဘတ်နှုန်းနှင့်အလုပ်သမား (၁၂၆)ဦးစာ စုစုပေါင်း (၂၂၆၈၀၀၀)ဘတ်ပေးခဲ့ပြီး အလုပ်ဆင်းရက်၏ ရက်ပေါင်ခ (၁၅)ရက်စာ အတွက်စုစုပေါင်း(၆၆၁၅၀၀) ဘတ်ကို နိုဝင်ဘာ ၈ ရက်နေ့ မှာ ဘဏ်က ကတစ်ဆင့် အလုပ်သမားတွေရဲ့ဘဏ်ကဒ်ထဲသို့ တိုက်ရိုက်ထည့်ပေးသွားမယ်လို့ စက်ရုံဘက်က ပြောကြားခဲ့တယ်လို့သိရပါတယ်။
ထို့နောက် နိုဝင်ဘာ ၅ရက်နေ့ မှာ (MHAC) မဟာမိတ်အဖွဲ့နှင့် အန်ယူဂျီ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများက အလုပ်သမားများရဲ့ သက်ဆိုင်ရာ အေဂျင်စီများသို့ဆက်သွယ်ခေါ်ဆောင်ပြီး ညှိနှိုင်းရာ အလုပ်ပြုတ်ခံရတဲ့ အလုပ်သမားများကို အေဂျင်စီဘက်မှ အခကြေးငွေ တစ်ကျပ်မှ မယူပဲ အလုပ်သစ် ပြန်လည်ရှာဖွေထည့်သွင်းပေးမယ်လို့ပြောကြားခဲ့တဲ့ အတွက် အဆင်ပြေခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှား ဂျိုဟိုးပြည်နယ် တွင် အထောက်အထား မရှိသည့် မြန်မာလုပ်သား ၃၀၀ ခန့် အဖမ်းခံရ
Dec 18, 2025
Cover
ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တစ်ရက် ထဲ မှာတင် အဖမ်းခံရသည့် မြန်မာလုပ်သား ၇၀ကျော်ရှိ
Dec 18, 2025
Cover
စာရွက်စာတမ်း အတု ဖြင့် လျော်ကြေးငွေ တောင်းခံ ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟု ဗန်ကောက်ရှိ မြန်မာသံရုံး ထုတ်ပြန်
Dec 16, 2025
Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025