NEWS

မြန်မာ ရွှေ့ပြောင်းလုပ်သား၂၅၀ ကို ထိုင်းက ထပ်မံနေရပ်ပြန်ပို့

CoverLogo
501 Views
 
ထိုင်းနိုင်ငံ အတွင်း အထောက်အထားမပြည့်စုံလို့ အဖမ်းခံရတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို စစ်ကောင်စီ ထံ ပြန်မပို့ဖို့ အဖွဲ့စည်းအသီးသီးက တောင်းဆို ကန့်ကွက်တာတွေ ပြုလုပ်နေပေမယ့် မတ်လ ၁၉ရက်နေ့ မှာ မြန်မာအလုပ်သမား ၂၅၀ကို ထိုင်းအာပိုင်တွေက မြန်မာပြည်ဘက် စစ်ကောင်စီထံ ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြန်ပို့ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၅၀ မှာ အမျိုးသား ၂၁၆ ဦး အမျိုးသမီး ၃၄ဦးတို့ ပါ၀င်ပြီးရနောင်းလှေဆိပ်ကနေ ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားချက်အရသိရပါတယ်။
အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီး စစ်ကောင်စီထံ ပြန်ပို့ ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အများစုကို စစ်ကောက်စီဘက်မှ စစ်မှုထမ်းဥပဒေအကြောင်းပြကာ ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတဲ့ အတွက် ထိုင်းတက်ကြွလှုပ်ရှားသူတွေ အဖွဲ့စည်းအသီးသီးနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက နေရပ်ကိုပြန်မပို့ဖို့ တောင်းဆိုမှုတွေ ဆက်တိုက်ဆောင်ရွက်လျက်ရှိပါတယ်။
"'လူမဆန်တဲ့လုပ်ရပ်တခုလို့ပဲမြင်ပါတယ် မအလ ကအတင်းအဓမ္မစစ်သားလုပ် ဖို့ ခေါ်ဆောင်ခံရတာတွေ ပေါ်တာဆွဲ နေတဲ့ သတင်းတွေ လဲသူတို့ထိုင်းကတာဝန်ရှိသူတွေသိပြီးသား အဲဒါကိုဖမ်းဆီးခံထားရပြီးလွှတ်ရက်စေ့လို့ လွှတ်လာတဲ့သူကိုမအလလက်ထဲဇွတ်အတင်းထည့်လိုက်တာ ထိုင်းအစိုးရကတာဝန်ရှိသူတွေဟာလူမဆန်တဲ့အမှားကိုလုပ်လိုက်တာပါ""လို့ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် အတွင်း က ရနောင်းထိန်းသိန်းရေးစခန်းကနေ မြန်မာနိုင်ငံဘက်စစ်ကောင်စီထံ ထိုင်းအာဏာပိုင်တွေက လွှဲပြောင်းပေးခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၂၀၀၀ ကျော်ထိရှိပြီး ယခု၂၀၂၅ခုနှစ်တွင် ယခုအကြိမ်အပါအဝင် ၃ကြိမ်ရှိပြီ ဖြစ်ကာ မြန်မာလုပ်သား ၆၀၀နီးပါး ကို စစ်ကောင်စီထံ ထိုင်းအာဏာပိုင်တွေ ပြန်လွှဲပေးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026