NEWS

မြန်မာ ရာသီချိန်လုပ်သားများ မခေါ်ရန် ကိုရီးယားနိုင်ငံတွင်း ညွှန်ကြားထား

CoverLogo
676 Views
 
မြန်မာနိုင်ငံက ရာသီချိန်လုပ်သားမခေါ်ယူဖို့ကို ကိုရီးယားနိုင်ငံ ဒေသအလိုက် ရုံးတွေမှာ ညွှန်ကြားစာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
 
"ရာသီချိ န်လုပ်သားကိစွမှာလည်း စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ပါဝင်ပတ်သက်တာပါပဲ။ ရာသီချိန် လုပ်သား စေလွှတ်ဖို့ MOU လက်မှတ်ထိုးရင် စစ်အစိုးရကို သွယ်ဝိုက်တဲ့သဘောနဲ့ အသိအမှတ် ပြုရာ ရောက်မှာ ပါ။ အဲဒါကြောင့် ကိုရီးယားဘက်ကလည်း သတိထားနေတာပါ "လို့ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးသူတဦးက ပြောပါတယ်။
 
မြန်မာနိုင်ငံကနေ ရာသီချိန်လုပ်သားစေလွှတ်မဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး အွန်လိုင်းက ဖြစ်စေ၊ လူပုဂ္ဂိုလ်တွေက ဖြစ်စေ ကြေညာခေါ်ယူနေကြတာဟာ လိမ်လည်နေတာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတ နိုင်ငံသံရုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်က ထပ်မံကြေညာထားပါတယ်။
 
ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရချင်းချိတ်ဆက်ပြီး စိုက်ပျိုးရေး၊ ကုန်ထုတ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အတွက် အမျိုးသားလုပ်သားတွေ စေလွှတ်နေပါတယ်။ ရာသီချိန်လုပ်သား စေလွှတ်တာကို မြန်မာအစိုးရက အရင်က ခွင့်မပြုခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရာသီချိန်လုပ်သားစေလွှတ်နိုင်ဖို့ကိုပါ အလုပ်သမား ဝန်ကြီးဌာနက လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။
 
လက်ရှိ ကိုရီးယားနိုင်ငံမှာ ရာသီချိန်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နိုင်မယ်ဆိုပြီး လူမှု ကွန်ရက် စာမျက်နှာ တွေမှာ ပြန့်နှံ့နေတာနဲ့အတူ ငွေကြေးလိမ်လည်တာတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကတော့ ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သားစေလွှတ်နိုင်ဖို့ လုပ်ဆောင်နေတယ်ဆိုပြီး နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြတာတွေလည်း ရှိပါတယ်။
Photo - The Korea Times

Related posts

Cover
ထိုင်း-ကော့တောင်ကျွန်းအနီး ကုန်တင်သင်္ဘောမီးလောင်မှုမှာ မြန်မာလူငယ်တဦးပျောက်ဆုံးနေ
Apr 07, 2024
Cover
ကရိန်းပြိုကျမှုကြောင့်သေဆုံးခဲ့တဲ့ မြန်မာအလုပ် သမားတွေအတွက် ပေးရန်ကျန်ရှိတဲ့ ဘတ် ၁၁ သိန်းကိုနှစ်ပတ်အတွင်းပေးမယ်လို့လက်မှတ်ရေးထိုးထား
Apr 07, 2024
Cover
ထိုင်း ကော့တောင် ကျွန်းအနီး မြန်မာများပါဝင်တဲ့ကုန်တင်သင်္ဘောမီးလောင်
Apr 07, 2024
Cover
ရွှေ့ပြောင်းလုပ်သားအရေး လက်တွေ့လုပ်ဆောင်မှု အားနည်း
Apr 07, 2024
Cover
တရုတ်နိုင်ငံတွင် ဆန္ဒပြတောင်းဆိုမှု၊ ဦးဆောင်သူ မြန်မာအလုပ်သမားများအား အလုပ်ထုတ်
Mar 29, 2024
Cover
တရုတ်နိုင်ငံ SHANGCHENG Garment မှ မြန်မာလုပ်သား ၂၀၀ ခန့် နေရပ်ပြန်
Mar 22, 2024
Cover
EPS စာမေးပွဲမှတ်ပုံတင်ကြေးအတွက် ည ၆ နာရီ ကတည်းက တန်းစီရ
Mar 22, 2024
Cover
တရုတ်နိုင်ငံတွင် တောင်းဆိုမှုပြုလုပ်ခဲ့သည့် မြန်မာအထည်ချုပ် အလုပ်သမားများ ညှိနှိုင်းမှု မပြေလည်၊ လုပ်သားတချို့ နေရပ်ပြန်မည်
Mar 21, 2024