NEWS

မြန်မာ့အခေါက်ရွှေစျေး တစ်ရက်အတွင်း ကျပ်တသိန်းကျော် ထပ်မံကျဆင်းခဲ့ပြီး ရွှေကိုလေလံဖြင့်ရောင်းချ

CoverLogo
2.7K Views

မြန်မာ့အခေါက်ရွှေစျေးဟာ ဒီကနေ့ စက်တင်ဘာ ၂၈ ရက်မှာတော့  တစ်ကျပ်သားကို ၂,၅၇၀,၀၀၀ ကျပ်ရှိခဲ့တာကြောင့်  တရက်အတွင်း ကျပ်တသိန်းကျော်အထိ ထပ်မံကျဆင်းခဲ့တယ်လို့ စျေးကွက်အရ သိရပါတယ်။

'' ဟုတ်တယ်။ တစ်ရက်အတွင်းမှာပဲတစ်သိန်းကျော်အထိကျသွားတာဆိုတော့ မနက်ဖြန်
ရွှေလေလံကစောင့်ကြည့်ရမယ်။ အရည်အသွေးမပြည့်လို့ဘယ်သူမှမဝယ်ကြဘူး။ ခရိုနီတွေမဝယ်မနေရဝယ်ရမယ်ဆိုတာတွေ လုပ်လာလိမ့်မယ်။ စောင့်ကြည့်ရမှာပဲ'' လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

စက်တင်ဘာ၂၇ရက်နေ့က ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တွေရဲ့ စျေးနှုန်းဖော်ပြချက်အရ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၇ သိန်းဝန်းကျင်မှာ စျေးပိတ်ခဲ့ပြီး ယနေ့စက်တင်ဘာ၂၈ရက်
နေ့ညနေပိုင်းမှာတော့ တကျပ်သားကို ၂၅သိန်းခုနှစ်သောင်းထိ ပြန်လည်ကျဆင်းခဲ့တာကြောင့် တစ်ရက်အတွင်းတစ်သိန်းကျော်အထိ ကျဆင်းခဲ့တာပါ။

ဒါ့အပြင် စက်တင်ဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီမှာ ရန်ကုန်တိုင်း ကမ္ဘာအေးဘုရားလမ်းမ မြန်မာ့ကျောက်မျက်ရနာပြတိုက်
နှင့် မန္တလေးမြို့၂၆လမ်းနဲ့၆၆လမ်းထောင့်ရှိ Star Mart Mandalay တို့မှာ ရွှေစင်တုံးနဲ့ရွှေခဲသုံးပိသာစီကို စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချပေးသွားမယ်လို့လည်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA မှ သိရပါတယ်။

အခုလိုရွှေစျေးကျဆင်းနေတာဟာ ကမ္ဘာ့ရွှေစျေးနဲ့ ပြင်ပဒေါ်လာပေါက်စျေး ဆက်တိုက်ကျဆင်းနေတာကြောင့် ပြည်တွင်းရွှေဈေး ထပ်မံကျဆင်းလာတာ ဖြစ်ရာ  ပြင်ပဒေါ်လာပေါက်စျေးဟာလည်း   မူလကတစ်ဒေါ်လာ ၃၁၅၀ ဝန်းကျင်ကနေ စက်တင်ဘာ ၂၈ ရက်ယနေ့မှာတော့ တဒေါ်လာကို  ကျပ် ၃,၀၀၀ သာ ရှိတာကြောင့် ယနေ့တစ်ရက်အတွင်း တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၁၀၀ ကျော်နဲ့  အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်တသိန်းကျော် ပြန်လည်ကျဆင်းခဲ့တာပါ။

ကမ္ဘာ့ရွှေပေါက်စျေးဟာလည်း မနေ့က တအောင်စကို ၁,၆၃၄ ဒေါ်လာဖြစ်ပြီး စက်တင်ဘာ၂၈ရက် ယနေ့ ညနေပိုင်းမှာတော့ တအောင်စကို ၁,၆၁၉ ဒေါ်လာထိ ထပ်မံကျဆင်းလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်ကတော့ အခေါက်ရွှေတကျပ်သားကို ကျပ် ၃၅ သိန်းအထက်ထိ သမိုင်းတလျှောက် အမြင့်ဆုံးရောက်ရှိခဲ့ပြီး ပြင်ပဒေါ်လာငွေလဲနှုန်းဟာလည်း  ကျပ်၄၆၀၀ ဝန်းကျင်အထိ စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

MyanmarLabourNews


Related posts

Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026