NEWS

မြန်မာအလုပ်သမား ၂ဦး ကို ပစ်သတ်ခဲ့တဲ့ ထိုင်းနိုင်ငံသား ၃ဦး ကို ရနောင်းရဲတပ်ဖွဲ့ ဖမ်းမိ

CoverLogo
266 Views
 
ထိုင်းရောက် မြန်မာအလုပ်သမား ၂ဦး ကို ပစ်သတ်ခဲ့တဲ့ ထိုင်းနိုင်ငံသား ၃ဦး ကို ရနောင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က မြန်မာ အလုပ်သမား ၂ဦး ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ သံသယရှိသူ ၃ဦး ကို မတ်လ ၁၂ရက်က ရနောင်းခရိုင် အတွင်း ရဲတပ်ဖွဲ့က သတင်းရရှိတဲ့ အတွက် ဖမ်းဝရမ်းနဲ့ ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
သံသယရှိသူ ၃ဦး တွင် အသက် ၇၂ နှစ်အရွယ် အဓိက တရားခံ Bang Mad၊ အသက် ၂၂ နှစ်အရွယ် Sakorin နဲ့ အသက် ၂၅ နှစ်အရွယ် Wichai တို့ဖြစ်ပြီး Bang Mad က သတ်ဖို့ ကြံရွယ်တာကို အခြား၂ဦးက သူတွေက ကူညီပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
အသတ်ခံရတဲ့ မြန်မာအလုပ်သမား၂ဦးနဲ့ သတ်ခဲ့သူ တရားခံ ၃ဦး တို့ မှာ ရာဘာစေးခြစ်တဲ့ လုပ်ငန်းမှာအတူ လုပ်ကိုင်သူတွေ ဖြစ်ပြီး အလုပ်ရှင်က မြန်မာအလုပ်သမား တွေ ကို သာ အလုပ်မှာ ဆက်လက်ထားရှိမယ်လို့ ပြောဆိုကြောင်း ထို့နောက် သူဌေး လူယုံဖြစ်တဲ့ မြန်မာလုပ်သား ၂ဦးက အန္တရာယ် ပြုလာနိုင်တဲ့ အတွက် သူတို့က လက်ဦးမှုရယူခဲ့တာဖြစ်ပြီး သူ့ရဲ့ မွေးရပ်မြေကို တခါတည်းပြေးလာခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှု ကို ထွက်ဆိုပါတယ်။
 
တရားခံ ၃ ဦးဟာ အလုပ်ရုံ ဝင်းထဲ မှ အလုပ်ရှင်နဲ့ကားနဲ့အဖိုးတန်ပစ္စည်း များ မြန်မာလုပ်သားနှစ်ဦး နေအိမ် မှ ပစ္စည်း တွေကို သယ်ဆောင်သွားတယ်လို့သိရပါတယ်။
 
ဒါကြောင့် ၎င်းတို့ကို နိုင်ငံခြားသားတွေကို သတ်မှု၊အလုပ်ရှင်ရဲ့ ပစ္စည်းတွေ ခိုးမှုအပါအဝင်စတဲ့ ဆွဲချက်တွေနဲ့ ဖမ်းဆီးထားတာဖြစ်တယ်လို့ သိရပါတယ်။
Ref-Khaosod Thai

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026