NEWS

မြန်မာအလုပ်သမား ၁၃ဦး ကိုလုပ်ခလစာမပေးဘဲ အလုပ်မှ ထုတ်

CoverLogo
338 Views
 
ထိုင်းနိုင်ငံ၊ စမူပကန်၊ ဘန်းနားမြို့ စွယ်စီဒန်း မှာ ရှိတဲ့ CDK (အဲယားကွန်းပိုက်လမ်းတပ်ဆင်ရေး) လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမား ၁၃ဦး ကို အလုပ်ရှင် မှ လုပ်ခလစာ ၂လစာ မပေးတဲ့ အပြင် အလုပ်မှ ထုတ်ပယ်လိုက်တယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။
မြန်မာအလုပ်သမား ၁၃ဦး ဟာ ၎င်းစက်ရုံကို MOU စနစ် နဲ့ တရားဝင် လာရောက် အလုပ်လုပ်ကိုင်တာ ဖြစ်ပြီး လုပ်သက် တစ်နှစ်ကျော် ရှိပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
စက်ရုံသူဌေး ဖြစ်သူ က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက် နေ့ကနေ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၂၅ ရက်အထိ အလုပ်သမား တွေ ရရှိမယ့် လုပ်ခလစာ ၂လစာ ကို မရှင်းပေးဘဲ ချေးငွေအဖြစ် တစ်ဦး ကို ဘတ်၅၀၀ နဲ့ ၁၀၀၀ဘတ် သာ ထုတ်ပေးခဲ့ကာ နေ့တိုင်း အလုပ်ဆင်းရတဲ့ အပြင် အချိန်ပိုလည်း နေ့စဉ် ဆင်းရကာ အချို့ရက်တွေ မှာ မနက်၅နာရီ အထိ ဆင်းရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ခလစာများကို ထုတ်ပေးရန် သူဌေးဖြစ်သူကိုတောင်းဆိုရာတွင် နောက်လတွင်ပေးမည်ဟုပြောခဲ့ ပြီး ၂၀၂၅ခုနှစ် ဇန်နဝါရီ ၂၅ရက်နေ့မှာ ၎င်းအလုပ်သမား {၁၃}ဦးကို သူဌေးဖြစ်သူမှ အလုပ်ထုတ်လိုက်ပြီး အဆောင်တွင်ပါ ပေးမ နေတော့ပဲ နေမည်ဆိုပါက အဆောင်ငှားခဆောင်ရမယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
လုပ်အားခ အနေဖြင့် အလုပ်သမားတစ်ဦးလျှင် ဘတ်၂၀၀၀၀ နှုန်း နဲ့ စုစုပေါင်း ဘတ်၂၆၀၀၀၀ ရရှိ ရ မှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို၎င်းတို့ရဲ့ လုပ်အားခများမရရှိတဲ့ အတွက် စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရတာကြောင့် ထိုင်းရောက်မြန်မာ အလုပ်သမားအရေးကူညီပေးနေတဲ့ WAG-အလုပ်သမားမဟာမိတ်အဖွဲ့ထံ ဇန်နဝါရီ ၂၇ရက်က အကူညီတောင်းခံခဲ့ကာ WAG-အလုပ်သမားမဟာမိတ်အဖွဲ့ အနေနဲ့ လည်း ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026