NEWS

မြန်မာအလုပ်သမား လူငယ်တစ်ဦး လူကူးတံတားပေါ်မှ ခုန်ချရန်ကြိုးစားသဖြင့် ထိုင်းရဲကယ်တင်ခဲ့ရ

CoverLogo
191 Views
 
ချွန်ဘူရီခရိုင် စီရာချာမြို့ ဘန့်ခေါင်ဟင်စာသင်ကျောင်း ရှေ့ရှိ လူကူးတံတားပေါ် မှ ခုန်ချ ရန် ပြုလုပ်နေတဲ့ မြန်မာအလုပ်သမားတဦးကို ထိုင်းရဲတွေကကယ်တင်ခဲ့ရတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရ သိရပါတယ်။
 
အောက်တိုဘာ ၁၅ရက် က ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက်၂၇ နှစ်အရွယ် မြန်မာအလုပ်သမား အမျိုးသား တစ်ဦးဟာ လူကူးတံတား အစွန်းမှာ ထိုင်ကာ ခုန်ချရန် အတွက် ပြင်ဆင်နေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
၎င်း အလုပ်သမား ကို တာဝန်ရှိသူတွေက စကားပြန်နဲ့ တံတားပေါ်မှ မခုန်ချရန် ဖျောင်းဖျပေးခဲ့ပြီး အခုလိုဘာကြောင့် ပြုလုပ်ရကြောင့် မေးမြန်း ပေးခဲ့ရာ စိတ်ဖိစီးမှုများကာ အိမ်လွမ်းသော်လည်း ပြန်စရာငွေလည်းမရှိတဲ့ အတွက် အခုလို သတ်သေရန် ကြိုးစားတာဖြစ်တယ်လို့ ပြောပြခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာဖေါ်ပြထားပါတယ်။
 
မြန်မာအလုပ်သမား ကို မိနစ် ၂၀ခန့်ဖျောင်းဖျခဲ့ ညှိနှိုင်းပြောဆိုနေစဉ် မှာ တာဝန်ရှိတဦးက တံတားကူးမည့်သူအဖြစ်ယောင်ဆောင်ကာ အနီးကပ်ရောက်လာပြီး အလစ်မှာ အောင်မြင်စွာ ဆွဲထုတ်ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာအလုပ်သမားရဲ့ ခန္ဓာကိုယ်စစ်ဆေးကြည့်ရာ မျက်နှာ တွင် ချွန်ထက်တဲ့ အရာဖြင့် ထိမိထားတဲ့ ဒဏ်ရာ ၃ ချက်တွေ့ရှိရပြီးကယ်ဆယ်ရေးအဖွဲ့က ရှေးဦးကုသမှု ပြုလုပ်ပေးကာလယ်မ်ချဘန် ဆေးရုံသို့ပို့ဆောင်ပေး ခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
လုံခြုံရေးစိုးရိမ်ရမှုကြောင့် မလေးရှားရောက် မြန်မာဒုက္ခသည်တွေကို နေရပ် ပြန်မပို့ဖို့ ACR တောင်းဆို
Jun 20, 2025
Cover
အိုမန်မှပေးစာ - ၅
Jun 19, 2025
Cover
မလေးရှားသွား မြန်မာလုပ်သားများ ထိုင်းနိုင်ငံအတွင်း အဖမ်းခံရမှု ဆက်တိုက်ဖြစ်ပေါ်နေ
Jun 18, 2025
Cover
နိုင်ငံခြားသားများ အလုပ်လုပ်၊ ဈေးရောင်းခြင်းများ ပြုလုပ်ပါက ပြည်နှင်မည်ဟု ထိုင်းဝန်ကြီး ပြောဆို
Jun 18, 2025
Cover
မြန်မာလုပ်သား၂၀၀ ကျော် ကြိုတင်အကြောင်းမကြားဘဲ အလုပ်ရပ်နားခံရ
Jun 18, 2025
Cover
မြန်မာတစ်ဦး နေရပ်ပြန်ပို့ရန် မိသားစုဝင်များနှင့် အဆက်သွယ်မရဖြစ်နေ
Jun 17, 2025
Cover
ပွဲစားခဘတ်ငွေ ၇၀၀၀၀ ပေးပြီး မလေးရှားကို သွားရောက်ရန်ကြိုးပမ်းတဲ့ မြန်မာလုပ်သား၂၉ ဦး ထိုင်းမှာ အဖမ်းခံရ
Jun 14, 2025
Cover
အလုပ် လုပ်ခွင့် (Work permit)အတု လုပ်သည့် ဝက်ဆိုဒ်များအား သတိထားရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနသတိပေး
Jun 11, 2025