NEWS

မြန်မာအလုပ်သမားတစ်ဦး ဂုံးကျော်တံတားပေါ်တွင် အစာငတ် ကာ ဒုက္ခရောက်

CoverLogo
291 Views
 
မလေးရှား နိုင်ငံ တွင် ပွဲစား ဆိုသူက အလုပ်ရမယ်ဆိုကာ ကွာလာလမ်ပူ မြို့ကို ခေါ်လာ ပြီး ပစ်ထားခဲ့တဲ့ အတွက် မြန်မာအလုပ်သမားတစ်ဦး လူကူးဂုံးကျော်တံတားပေါ်မှာ အစာငတ်ကာ ဒုက္ခရောက်မှု ဖြစ်ပေါ်ခဲ့တယ်လို့ သွားရောက် ကူညီပေးတဲ့နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား ) ထံ မှ သိရပါတယ်။
၎င်းမြန်မာအလုပ်သမားဟာ မလေးရှားနိုင်ငံ ပီနန်းမြို့မှ ကေအယ် ဆန်းဝေးဆုပန်းဂျာရာဘက်သို့ ပွဲစား မှ အလုပ်ရမယ် ဆိုကာ ခေါ်ဆောင်လာခဲ့ပြီး ဆိုင်တစ်ခု အတွင်း ခဏစောင့်ခိုင်း ကာ ပစ်ထားခဲ့တာဖြစ် တယ်လို့ သိရပါတယ်။
နယ်​မြေအသစ် ဖြစ်တာကြောင့် ဘယ်မှမသွား မလာတတ် ဖြစ်ကာ လက်ထဲ တွင် ငွေမရှိတဲ့ အတွက် ဂုံးကျော်တံတားပေါ်တွင် နေထိုင်ပြီး ( ၂ )ရက်ကြာထမင်းမစားခဲ့ရဘူးလို့ ဆိုပါတယ်။
""ပွဲစားက အလုပ်ရမယ် ဆိုပြီးတော့ ပီးနန်းကနေ KL ကို ခေါ်လာ ပြီးတော့ဆိုင်မှာ ထားခဲ့တာ မသွားတတ်မလာတတ်နဲ့ လက်ထဲပိုက်ဆံမရှိတော့ ထမင်းလည်းမစားရပေါ့ သူ့ကို ဂုံးတံတားပေါ်က ဖြတ်သွားတဲ့ မြန်မာနိုင်ငံ သား က ကျွန်တော်တို့ အဖွဲ့ ကို ဖုန်းနံပတ်ပေး ဆက်သွယ်လာလို့ သွားရောက်ကူညီပေးခဲ့တာ""လို့ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား )ဥက္ကဌကိုသက်ကပြောပါတယ်။
မြန်မာအလုပ်သမား မှ ၎င်းရဲ့ အသိမိတ်ဆွေ တွေ ရှိတဲ့ ပီနန်း မြို့ကို ပြန်ချင်ကြောင်း ပြောတဲ့ အတွက် Bus ကားခနဲ့ စားသောက်ရန် ငွေအနည်းငယ်ပေးကာ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ၎င်းကဆက်လက်ပြောကြားပါတယ်။
မလေးရှား နိုင်ငံ အတွင်း အခုလို အလုပ်ရမယ်ဆိုကာ ပွဲစား မှ ပွဲစားခ ယူပြီး လိမ်လည် သွားတာ တွေ မကြာခဏ ဖြစ်ပေါ်နေတဲ့ အတွက် မြန်မာအလုပ်သမားတွေ အနေနဲ့ အယုံမလွယ်ကျရန်၊လက်ရှိမှာလည်း မလေးရှား နိုင်ငံ အတွင်း အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သားတွေ ကို အဖမ်းအဆီး နေရာစုံရှိနေတဲ့ အတွက် အသွားအလာဂရုစိုက်ကြဖို့ အသိပေးထားပါတယ်။

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026