NEWS

မြန်မာအပါအဝင် နေထိုင်ခွင့်သက်တမ်းကုန်တော့မည့် လေးနိုင်ငံရွှေ့ပြောင်းလုပ်သားများ ဖေဖေါ်ဝါရီ ၁၃ရက်မတိုင်မီ အမည်စာရင်းတင်သွင်းဖို့ ထိုင်းအလုပ်သမားဌာန မှ သတိပေး

CoverLogo
324 Views
 
လာမယ့် ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၃ ရက် မှာ နေထိုင် အလုပ် လုပ်ခွင့် သက်တမ်း ကုန်မယ့် မြန်မာအပါအဝင် လေးနိုင်ငံ မှ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ သက်တမ်းတိုးရန် အမည်စာရင်းတင်သွင်းတာကို ဖေဖေါ်ဝါရီ ၁၃ရက်မတိုင်မီ တင်သွင်းဖို့ အတွက် ထိုင်းအလုပ်သမားဌာနက သတိပေးထားတယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီသူတွေထံက သိရပါတယ်။
၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီ ၁၃ရက် မှာ သက်တမ်း ကုန်မယ့် အလုပ်သမားတွေဟာ MOU အလုပ်သမားတွေ ကဲ့သို့ သက်တမ်း ပြန်ဆက်ရမယ့် အတွက် အချိန်မီ သက်တမ်း မဆက်နိုင်သည့် တိုင်အောင် အမည်စာရင်း တင်သွင်း ထားပြီးပါက ဆက်လက်နေထိုင် အလုပ် လုပ်ကိုင်ခွင့် ကို ၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီ ၁၄ရက်မှ ၂၀၂၅ခုနှစ် ဩဂုတ် ၁၃ရက် အထိ ၆လ ယာယီ ဖြေ လျှော့ပေးမယ်လို့ သိရပါတယ်။
"အခု နှစ် ဖေဖေါ်ဝါရီ ၁၃မှာ သက်တမ်းကုန်မယ့် သူတွေ အနေနဲ့က သက်တမ်းတိုးမယ်ဆိုရင် အရင်ဆုံး ဖေဖေါ်ဝါရီ ၁၃ရက် မတိုင် မီ မှာ သူတို့ဆီမှာ အမည်စာရင်း အရင် ပေးထားရမယ် ကျန်တဲ့ ဗီဇာထုတာတွေ ဆေးစစ်တာတွေ ဝေါ့ပါမစ် ပြုလုပ်ဖို့ အတွက်က မြန်မာအလုပ်သမားတွေကို နောက်ထပ် ခြောက်လ ထပ်တိုးပေးထားတယ် အဲ့တော့ သက်တမ်းတိုးမယ့်သူတွေ အနေနဲ့ အမည်စာရင်းကို အချိန် မီ အမြန်ဆုံးတင်ဖို့ လိုအပ်ပါတယ်""လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူတစ်ဦးကပြောပါတယ်။
ဗီဇာထုခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဝါ့ပါမစ် (work permit) ပြုလုပ်ရမယ့် အချိန်ကိုတော့ မြန်မာနဲ့ က‌‌မ္ဘောဒီးယားလုပ်သားကိုသာ ၆ လ၊ တိုးပေးပြီး ဗီယက်နမ်နဲ့ လာအိုလုပ်သားတွေကို တော့ ၃ လတိုးပေးတာဖြစ်တာလို့ ၎င်းကဆိုပါတယ်။
""အခု ပြဿနာ က မြန်မာ အလုပ်သမားတွေ အနေနဲ့ အခုနှစ်မှာ သက်တမ်းတိုး ဖို့ ကို သံရုံးကနေတစ်ဆင့် နေပြည်တော် ကို ဒီလူကို သက်တမ်းတိုးခွင့်ပြုလား မပြုလားဆိုတဲ့ ခွင့်ပြုချက် လက်မှတ် တောင်းရတယ် သူတို့စီက ခွင့်ပြုချက်ရမှ ဒီဘက်မှာ သက်တမ်းတိုး ဖို့ လုပ်ငန်းစဉ်ကို စလုပ်ရတယ် ဆိုတော့ အချိန်က အရမ်းကြာတယ် ပြီးခဲ့တဲ့ ဒီဇင်ဘာ လောက်ကတည်းက သူတို့စီတင်ထားတဲ့သူတွေ တောင် အခုထိ မရသေးတာတွေရှိတယ် ထိုင်းဘက်က အခုလို အမည်စာရင်း တင်သွင်း ထားရင် နောက် လုပ်ရမယ့် လုပ်ငန်းစဉ် အတွက် အချိန် ၆လ တိုးပေးတော့ အဆင်ပြေသွားတာပေါ့""လို့ ထိုင်းရောက်မြန်မာအလုပ်သမား တစ်ဦးကပြောပါတယ်။
ထိုင်းအလုပ်သမားဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက လုပ်ငန်းရှင်တွေ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အေဂျင်စီတွေ နဲ့ ရွှေ့ပြောင်းလုပ်သားငှားရမ်းလို တဲ့ လုပ်ငန်းရှင်တွေ အနေ နဲ့ လာမယ့်၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ၁၃ရက် မတိုင်မီ အမည်စာရင်း (Name List) များကို အလုပ်အကိုင်ဦးစီးဌာန၏ ဝဘ်ဆိုက် မှာ တင်ထားကြရန်လိုတယ်လို့ ပြောကြားထားကြောင်း ထိုင်းသတင်းဌာနတွေမှာ ဖေါ်ပြထားပါတယ်။
 

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026