NEWS

မြန်မာသံရုံး အသွင်ယူပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုး အတွက်ငွေကြေး လိမ်လည်မှုများ ရှိနေဟု စင်္ကာပူရှိမြန်မာသံရုံးကြေညာ

CoverLogo
250 Views
 
မြန်မာသံရုံးလိပ်စာဖြင့် သံရုံးအသွင်ယူကာ အင်တာနက်စာမျက်နှာ ဖွင့်လှစ်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးအပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေ ကို ဝန်ဆောင်မှုပေးကြောင်း ကြေညာပြီး ငွေကြေးလိမ်လည် တာတွေရှိနေတယ်လို့ စင်္ကာပူရှိ မြန်မာသံရုံးက အောက်တိုဘာ ၂၃ရက်မှာ အသိပေးကြေညာပါတယ်။
 
မြန်မာသံရုံးအနေနဲ့ နိုင်ငံကူးလက်မှတ်သက်တမ်း ၁၄ လအထိ လက်ကျန်ရှိသူတွေဟာ နိုင်ငံကူးလက်မှတ် ပထမစာမျက်နှာ (Biodata page) နှင့် သက်တမ်းရှိ work permit/ stay permit ကတ်ရှေ့/နောက်မိတ္တူ၊PR ကတ်ကိုင်ဆောင်သူတွေအနေနဲ့ Re- entry form 7 အား သံရုံးရဲ့ whatsapp နံပါတ်ကို သက်တမ်းတိုးရန် ပေးပို့ ကာ ရက်ချိန်းရယူနိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
 
၄င်းကြေညာချက် ကို မသိရှိသေးတဲ့ သူတွေ အပေါ် မြန်မာနိုင်ငံသား အချင်းချင်း စာနာထောက်ထားမှုမရှိဘဲ ရက်ချိန်းယူပေးမည်ဟုဆိုကာ လိမ်လည် အခကြေးငွေရယူတာတွေရှိနေသလို မြန်မာနိုင်ငံသား အချို့မှာ အခကြေးငွေပေးပြီးသော်လည်း ရက်ချိန်း မရတဲ့ အတွက် သံရုံးသို့လာရောက်တိုင်ကြား မှု များပါရှိလာတယ်လို့ ဆိုပါတယ်။
 
အခုလိုတိုင်ကြားမှု တွေ အရ စိစစ်ခဲ့ရာ မှာ မြန်မာသံရုံးလိပ်စာဖြင့် သံရုံးအသွင်ယူပြီး ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုများဆောင်ရွက်နေတဲ့ အင်တာနက်စာမျက်နှာ ကို တွေ့ရှိရတဲ့ အတွက် မြန်မာနိုင်ငံသားများသတိပြုရှောင်ကြဉ်ဖို့ အသိပေးထားပါတယ်။
 
ဒါ့အပြင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး အတွက် သံရုံးသို့လာရောက်ဆောင်ရွက်စဉ် ကုန်ကျမည့် သတ်မှတ်နှုန်းထား ထက် ပိုမိုကောက်ယူမှုရှိပါက သံရုံးဝင်းအတွင်းမှ မထွက်ခွာမီ သံရုံးတာဝန်ခံ အရာရှိကို ချက်ချင်းတိုင်ကြားပေးဖို့နဲ့ သက်သေအချက်လက်ခိုင်လုံပါက ငွေကြေးပိုမိုကောက်ခံသူကို ထိရောက်စွာ အရေးယူသွားမယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ကြေညာထားပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026