NEWS

မြန်မာလုပ်သား ၄၀ ကျော်ကိုသူဌေးမှ လစာမပေးသည့်အပြင် အထောက်အထားများသိမ်းထားမှု တိုင်ကြားသွားမည်

CoverLogo
269 Views
 
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊စူကိုဝစ်ဆွယ်(1) က (ဆောက်လုပ်ရေးလုပ်ငန်း)တွင် အလုပ်လုပ်နေကြတဲ့ မြန်မာလုပ်သား ၄၃ ဦးကို အလုပ်ရှင်က လုပ်ခလစာမပေးတဲ့အပြင် အထောက်အထားစာရွက်စာတမ်းတွေ သိမ်းထားတယ်လို့ နစ်နာသူအလုပ်သမားတွေနဲ့ အကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
ဇူလိုင် ၉ ရက်မှ စက်တင်ဘာ၉ရက်အထိ လုပ်ခလစာ ၂လစာ ကို ထုတ်မပေးဘဲ ရက်ရွှေ့ဆိုင်း နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
"အလုပ်သမားတစ်ဦး ကို ဘတ် ၂၅၀၀၀ နှုန်းနဲ့ ၄၃ ယောက်စာ ဘတ် ၁၀ သိန်းကျော်လောက်ရရမှာ လုပ်ခက်ို ထုတ်မပေးဘဲ နေ့ရွှေ့ညရွှေ့ လုပ်နေတယ်လို့""အလုပ်သမားတစ်ဦးကပြောပါတယ်။
 
ဒါ့အပြင် မြန်မာအလုပ်သမားတွေရဲ့ စာရွက်စာတမ်းအထောက်အထားတွေကိုလည်းသိမ်းဆည်းထားပြီး စာအုပ်သက်တမ်းတိုး ရန်တွက် ပိုက်ဆံလည်းသွင်းထားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
 
မြန်မာအလုပ်သမားတွေဟာ MOU/CI/ဘတ်သစ်ကိုင်ဆောင်ထားသူတွေ ဖြစ်ပြီး ထိုလုပ်ငန်းမှာ လုပ်ကိုင်နေတာဟာ ၂နစ်မှ ၆နှစ် အထိရှိပြီ ဖြစ်တယ်လို့သိရပါတယ်။
 
အခုလို အလုပ်ရှင်က လုပ်ခလစာ မပေးဘဲ စာရွက်စာတမ်းတွေ သိမ်းထားတဲ့ အတွက် လုပ်ခလစာနဲ့ စာရွက်စာတမ်းများပြန်လည်ရရှိရန် ကူညီဆောင်ရွက်ပေးဖို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညိီတောင်းခံလာတဲ့ အတွက် စက်တင်ဘာ ၉ ရက်နေ့မှာ အမှုလက်ခံခဲ့ ပြီး ကူညီပေးသွားမယ်လို့ သိရပါတယ်။

Related posts

Cover
မြန်မာအလုပ်သမား ၁၇ဦး ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ခံရ
Dec 20, 2025
Cover
ဝန်ဆောင်ခ ပိုမိုကောက်ခံသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ များအား တိုင်ကြားနိုင်ဟုဆို
Dec 20, 2025
Cover
CI စာအုပ် သက်တမ်းတိုး ထုတ်ပေးရေး အတွက် ဒီဇင်ဘာ ၃၁ရက်အထိ ရက်ထပ်တိုး
Dec 20, 2025
Cover
ကိုရီးယားရောက် မြန်မာလုပ်သား တစ်ဦး မိမိကိုယ်ကို အဆုံးစီရင် မှုဖြစ်ပွား
Dec 19, 2025
Cover
ထိုင်းနယ်စပ်တောတစ်ခုတွင် ပုန်းနေသည့် အထောက်အထားမဲ့ မြန်မာ ၄၃ဦး ဖမ်းဆီးခံရ
Dec 19, 2025
Cover
မလေးရှား ဂျိုဟိုးပြည်နယ် တွင် အထောက်အထား မရှိသည့် မြန်မာလုပ်သား ၃၀၀ ခန့် အဖမ်းခံရ
Dec 18, 2025
Cover
ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တစ်ရက် ထဲ မှာတင် အဖမ်းခံရသည့် မြန်မာလုပ်သား ၇၀ကျော်ရှိ
Dec 18, 2025
Cover
စာရွက်စာတမ်း အတု ဖြင့် လျော်ကြေးငွေ တောင်းခံ ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟု ဗန်ကောက်ရှိ မြန်မာသံရုံး ထုတ်ပြန်
Dec 16, 2025