ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ ပိတ်စဆေးဆိုးပန်းရိုက်စက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၉)ဦးကို ကြိုတင်အကြောင်းမကြားဘဲအလုပ်ထုတ်ခံရခြင်းဖြစ်ပွားခဲ့ကြောင်းမြန်မာစစ်ကော်မရှင် အလုပ်သမားသံအရာရှိရုံးကအောက်တိုဘာ၉ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
အလုပ်သမား ၃၉ဦးအား ကြိုတင်အကြောင်းကြားမှုမရှိဘဲအလုပ်ထုတ်ခံရမှုနှင့်ပတ်သက်ပြီး အလုပ်သမားသံအရာရှိနှင့်အဖွဲ့မှ နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆဝါဒီကန်) တာဝန်ခံအရာရှိ၊ နယ်မြေခံအလုပ်အကိုင်ဦးစီးဌာန တာဝန်ရှိသူအဖွဲ့နှင့်ပူးပေါင်းကာ ဆောက်ရွက်လျက်ရှိကြောင်းသိရပါတယ်။
အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအလုပ်သမားဥပဒေနှင့်အညီ ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့်များ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း စစ်ကော်မရှင်သံရုံးမှ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရပါကအလုပ်သမားသံအရာရှိရုံး (Call Center) 020030015 ၊အလုပ်သမားသံမှူး (ဗန်ကောက်) 0618108454၊အလုပ်သမားသံအရာရှိ(ဗန်ကောက်) 0652206952၊အလုပ်သမားသံအရာရှိ(မဲဆောက်) 0652206953၊အလုပ်သမားသံအရာရှိ(ချင်းမိုင်) 0945866607၊အလုပ်သမားသံအရာရှိ(ရနောင်း) 0634818121သို့ရုံးချိန်အတွင်း သတင်းပေးတိုင်ကြားနိုင်ကြောင်းသိရပါတယ်။