NEWS

မြန်မာလုပ်သား ၃၉ ဦးကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ထုတ်ခံရ

CoverLogo
281 Views
 
ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ ပိတ်စဆေးဆိုးပန်းရိုက်စက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၉)ဦးကို ကြိုတင်အကြောင်းမကြားဘဲအလုပ်ထုတ်ခံရခြင်းဖြစ်ပွားခဲ့ကြောင်းမြန်မာစစ်ကော်မရှင် အလုပ်သမားသံအရာရှိရုံးကအောက်တိုဘာ၉ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
 
အလုပ်သမား ၃၉ဦးအား ကြိုတင်အကြောင်းကြားမှုမရှိဘဲအလုပ်ထုတ်ခံရမှုနှင့်ပတ်သက်ပြီး အလုပ်သမားသံအရာရှိနှင့်အဖွဲ့မှ နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆဝါဒီကန်) တာဝန်ခံအရာရှိ၊ နယ်မြေခံအလုပ်အကိုင်ဦးစီးဌာန တာဝန်ရှိသူအဖွဲ့နှင့်ပူးပေါင်းကာ ဆောက်ရွက်လျက်ရှိကြောင်းသိရပါတယ်။
 
အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအလုပ်သမားဥပဒေနှင့်အညီ ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့်များ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း စစ်ကော်မရှင်သံရုံးမှ သတင်းထုတ်ပြန်ထားပါတယ်။
 
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရပါကအလုပ်သမားသံအရာရှိရုံး (Call Center) 020030015 ၊အလုပ်သမားသံမှူး (ဗန်ကောက်) 0618108454၊အလုပ်သမားသံအရာရှိ(ဗန်ကောက်) 0652206952၊အလုပ်သမားသံအရာရှိ(မဲဆောက်) 0652206953၊အလုပ်သမားသံအရာရှိ(ချင်းမိုင်) 0945866607၊အလုပ်သမားသံအရာရှိ(ရနောင်း) 0634818121သို့ရုံးချိန်အတွင်း သတင်းပေးတိုင်ကြားနိုင်ကြောင်းသိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026