NEWS

မြန်မာလုပ်သား ၃၀ကျော် လုပ်အားခ ပြန်ရ

CoverLogo
292 Views
 
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ကျော်ရဲ့ လုပ်အားခတွေကို အလုပ်ရှင်က ပြန်ပေးခဲ့တယ်လို့ WAGအလုပ်သမား မဟာမိတ်အဖွဲဝင်က ပြောပါတယ်။ ဘန်ကောက်မြို၊စီကိုဝပ် (၃၈ )က ဆောက်လုပ်ရေးလုပ်ငန်းမှာ ဆေးသုတ်လုပ်ငန်းလုပ်နေတဲ့ မြန်မာလုပ်သား ၃၀ကျော်ရဲ့ လုပ်အားခတွေ မရတာကြောင့် WAG အဖွဲ့
အကူအညီနဲ့ မြိုနယ် အလုပ်သမား ရုံးကို တိုင်ကြားခဲ့တာလို့ သိရပါတယ်။
 
" အခု လုပ်အားခ အားလုံးပြန်ရပြီ။ အထောက်အထားတွေလည်း ပြန်ရပြီး ၊ ဧပြီ ၂၈ရက် မှာ အမှု ပိတ်ပေး လိုက်ပါတယ်။"လို WAGအလုပ်သမား မဟာမိတ်အဖွဲက ကိုမုန်တိုင်းကပြောပါတယ်။
 
မြန်မာအလုပ်သမားတွေက MOU၊ Name list ကိုင်ဆောင်ထားတဲ့ အလုပ်သမား ၃၂ဦးဖြစ်ပြီး အလုပ်ရှင်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ရက်က စပြီး လုပ်အားခ မပေးတော့ဘဲ အထောက်အထား စာရွက်စာတန်းတွေကိုပါ သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။
 
မြန်မာရွှေ့ပြောင်း လုပ်သား ၃၂ဦး ရဖို့ရှိတဲ့ လစာ စုစုပေါင်းမှာ ထိုင်းဘတ် ၉၆၀၀၀၀ ဖြစ်ပြီး တိုင်ကြားမှုတွေ ပြုလုပ်ပြီးနောက် ဧပြီ ၁၁ရက် မှာ အလုပ်သမားတွေရဲ့ အထောက်အထားစာရွက်စာတန်းတွေကို အလုပ်ရှင်က ထုတ်ပေးခဲ့တယ်လို သိရပါတယ်။ ကျန်ရှိနေတဲ့ လုပ်ခတွေကို ဧပြီ ၂၈ရက် မှာ အလုပ်ရှင်က ပြန်ပေးခဲ့ပြီး အဲဒီ အလုပ်ရှင်ဆီမှာ မြန်မာအလုပ်သမား ၃၂ဦး လုပ်ကိုင်နေတာ အနည်းဆုံး ၃နှစ်ကနေ ၆နှစ်အထိ ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026