NEWS

မြန်မာလုပ်သား ၁၈၀ လစာနှင့်နစ်နာကြေး မရဘဲ အလုပ်ဖြုတ်ခံရလို့ အခက်ခဲဖြစ်နေ

CoverLogo
275 Views
 
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ ချာချင်ဆောင်၊ နောင်စာတစ်ဆွယ် (၁) မှာရှိ တဲ့ မီးကြိုးအဟောင်းရုံ က မြန်မာအလုပ်သမား ၁၈၀ ကို စက်ရုံပိတ်သိမ်းမယ်ဆိုကာ ကြိုတင်အကြောင်းမကြားဘဲ အလုပ် ဖြုတ်လိုက်လို့ အခက်ခဲဖြစ်နေတယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
 
မြန်မာလုပ်သား၁၈၀ မှာ ၎င်းစက်ရုံ တွင် အလုပ်လုပ်ကိုင်ခဲ့တဲ့ကာလ မှာ ၂နှစ်မှ ၈နှစ် အထိ လုပ်ကိုင်ခဲ့ပေမယ့် စက်ရုံသူဌေးဆိုသူက ယခု ဇွန်လ ၂၈ရက်မှာ စက်ရုံပိတ်သိမ်းတော့မယ် ဆိုကာ မြန်မာလုပ်သားတွေကို အလုပ်မပေးတဲ့ အပြင် ယခင်လုပ်ခ ၁၀ ရက်စာ ကိုပါ မပေးဘူးလို့ အလုပ်သမားတွေ ကပြောပါတယ်။
 
ဒါ့အပြင် အလုပ်သမား တွေက စက်ရုံ သူဌေးနဲ့ ဘတ်ရိုက်ခြင်း (work permit) ကိစ္စ၊ ပက်စပို့သက်တမ်းတိုးခြင်း ကိစ္စ တွေ အတွက် ငွေပေးသွင်းထားပြီး ဖြစ်ပေမယ့် စက်ရုံပိုင်ရှင်က တာဝန်ယူ ခြင်း မရှိဘဲ အလုပ်မှရပ်နားခိုင်းတယ်လို့ သိရပါတယ်။
 
မြန်မာ အလုပ်သမားတွေအနေနဲ့ အခုလို သက်တမ်းတိုးကာလမှာ အလုပ်ပြောင်းဖို့ အဆင်မပြေဘဲ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ အတွက် (WAG) အလုပ်သမား မဟာမိတ်အဖွဲ့ ထံ အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
 
အခုလို အကူညီတောင်းခံမလာတဲ့ အတွက် WAG အလုပ်သမား မဟာမိတ်အဖွဲ့ က တာဝန်ရှိသူတွေ ဟာ ဇွန်လ ၂၄ ရက်နေ့မှာ အဆိုပါစက်ရုံသို့ သွားရောက်ကာ အလုပ်သမားတွေနဲ့ တွေ့ဆုံမေးမြန်းပြီး အမှုကို လက်ခံခဲ့တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်က လည်း ချွှန်ပူရီခရိုင် လယောင်မြို့ ရှိ အလူမီနီယံ ခဲဘတ် ထုတ်လုပ်တဲ့ စက်ရုံ က မြန်မာလုပ်သား ၂၀၀ကျော်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်မှ ထုတ်ပယ်ခံရမှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။

Related posts

Cover
General Textile (Myanmar) Apparel အထည်ချုပ် ပြည်တောင်စုနေ အလုပ်ဆင်းခိုင်း
Feb 09, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ်အလုပ်သမားများအား ဝန်ထမ်းတချို့ မှ ခွဲခြားဆက်ဆံ
Feb 09, 2026
Cover
Myanmar Zxi Xin အထည်ချုပ် စက်ရုံ အချိန်ပို အလွန်အကျွံခေါ်
Feb 08, 2026
Cover
Sudey အောစူပါက တရုံလုံး သူ အမိုက်ရိုင်းဆုံးလို့ ပြောပြီး ခြိမ်းခြောက်
Feb 08, 2026
Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026