NEWS

မြန်မာလုပ်သား အမျိုးသမီးကို ထိုင်းအမျိုးသားက ဓါးဖြင့်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်မှုဖြစ်ပွား

CoverLogo
375 Views
 
ထိုင်းနိုင်ငံ နခွန်ပထုံရှိ စက်ရုံတစ်ခုမှာ လစာထုတ်ယူရန် လာရောက်တဲ့ မြန်မာလုပ်သား အမျိုးသမီး ကို ထိုင်းအမျိုးသား တစ်ဦးက ဓါးနဲ့ ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ထံမှ သိရပါတယ်။
ဖြစ်စဉ် မှာ ဩဂုတ်လ ၂ရက်က မြန်မာ လုပ်သား ဇနီးနှင့် ခင်ပွန်း ဖြစ်သူတို့ လစာ ထုတ်ယူဖို့ စက်ရုံ ကို လာရောက်ရာ ရုံးပိတ်ရက် ဖြစ်တဲ့ အတွက် ရုံးဖွင့်ရက်အထိ စက်ရုံ အလုပ်သမားတန်းလျားမှာ နေထိုင် စောင့်ဆိုင်းပေးဖို့ စက်ရုံ ရဲ့ အလုပ်သမားခေါင်းဆောင်(၀န)က ပြောခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာအလုပ်သမားလင်မယားမှာ လစာထုတ်ယူရန်အတွက်စက်ရုံအလုပ်သမားတန်းလျားမှာ ယာယီ​နေထိုင်ခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့မနက်မှာတော့ ယောကျာ်းဖြစ်သူအား ပစ္စည်းသွားသယ်ရန် အလုပ်ရုံရှိ (ကျူးလွန်သူထိုင်းအမျိုးသား)မှ မနက် ၄ နာရီခန့် မှာ လာရောက်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
 
အမျိုးသားကို ခေါ်ဆောင်သွား ပြီးနောက် လမ်းတစ်နေရာ အရောက်တွင် ခဏ​စောင့်ဟုဆိုကာထားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ထိုင်းအမျိုးသားက ကျန်ခဲ့သည့် မြန်မာအမျိုးသမီးထံသို့ မနက်၅နာရီခန့်တွင် ဓားအတိုကိုင်ကာအခန်းထဲသို့အတင်းဝင်လာတဲ့ အတွက် အမျိုးသမီးမှာအော်ဟစ်အကူညီတောင်းတာကြောင့် အမျိုးသမီး ကို ထိုးကြိတ်ပြီး လည်ပင်းညစ်ကာ အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
 
အခုလို ခြိမ်းခြောက်ပြီးအဓမ္မပြုကျင့်ခံရတဲ့ အတွက် ကျူးလွန်ခံရသူအမျိုးသမီးကိုယ်တိုင် သြဂုတ်လ၅ရက်နေ့မှာ 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ကို အကူညီတောင်းခံလာတဲ့ အတွက် 𝐍𝐔𝐆(အလုပ်သမားဝန်ကြီးဌာန) နဲ့ အတူပူးပေါင်းကာ သွားရောက်စစ်ဆေးပြီး စတင်အမှုဖွင့်ကာ ကူညီ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိမှာ ကျူးလွန်သူ ထိုင်းအမျိုးသားကို ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပေမယ့် ကျူးလွန်သူဘက်မှဝန်မခံ သေးဘဲ ၊ CCTV မှတ်တမ်းနဲ့ စစ်ဆေးမှုတွေ ထပ်လုပ်ပြီးပါက တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ MHAC မဟာမိတ်အဖွဲ့ထံမှသိရပါတယ်။
 
𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)အနေနဲ့ အခုလို အဓမ္မ ကျူးလွန်ခြင်းတွေ ဟန့်တားနိုင်စေရန်နဲ့ တရားမျှတမှုရရှိရန် တရားရုံးမှာ ထိရောက်စွာအဆုံးထိ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ကူညီပေးသွားမယ်လို့ သိရပါတယ်။

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026