NEWS

မြန်မာလုပ်သား အမျိုးသမီးကို ထိုင်းအမျိုးသားက ဓါးဖြင့်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်မှုဖြစ်ပွား

CoverLogo
219 Views
 
ထိုင်းနိုင်ငံ နခွန်ပထုံရှိ စက်ရုံတစ်ခုမှာ လစာထုတ်ယူရန် လာရောက်တဲ့ မြန်မာလုပ်သား အမျိုးသမီး ကို ထိုင်းအမျိုးသား တစ်ဦးက ဓါးနဲ့ ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ထံမှ သိရပါတယ်။
ဖြစ်စဉ် မှာ ဩဂုတ်လ ၂ရက်က မြန်မာ လုပ်သား ဇနီးနှင့် ခင်ပွန်း ဖြစ်သူတို့ လစာ ထုတ်ယူဖို့ စက်ရုံ ကို လာရောက်ရာ ရုံးပိတ်ရက် ဖြစ်တဲ့ အတွက် ရုံးဖွင့်ရက်အထိ စက်ရုံ အလုပ်သမားတန်းလျားမှာ နေထိုင် စောင့်ဆိုင်းပေးဖို့ စက်ရုံ ရဲ့ အလုပ်သမားခေါင်းဆောင်(၀န)က ပြောခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာအလုပ်သမားလင်မယားမှာ လစာထုတ်ယူရန်အတွက်စက်ရုံအလုပ်သမားတန်းလျားမှာ ယာယီ​နေထိုင်ခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့မနက်မှာတော့ ယောကျာ်းဖြစ်သူအား ပစ္စည်းသွားသယ်ရန် အလုပ်ရုံရှိ (ကျူးလွန်သူထိုင်းအမျိုးသား)မှ မနက် ၄ နာရီခန့် မှာ လာရောက်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
 
အမျိုးသားကို ခေါ်ဆောင်သွား ပြီးနောက် လမ်းတစ်နေရာ အရောက်တွင် ခဏ​စောင့်ဟုဆိုကာထားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ထိုင်းအမျိုးသားက ကျန်ခဲ့သည့် မြန်မာအမျိုးသမီးထံသို့ မနက်၅နာရီခန့်တွင် ဓားအတိုကိုင်ကာအခန်းထဲသို့အတင်းဝင်လာတဲ့ အတွက် အမျိုးသမီးမှာအော်ဟစ်အကူညီတောင်းတာကြောင့် အမျိုးသမီး ကို ထိုးကြိတ်ပြီး လည်ပင်းညစ်ကာ အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
 
အခုလို ခြိမ်းခြောက်ပြီးအဓမ္မပြုကျင့်ခံရတဲ့ အတွက် ကျူးလွန်ခံရသူအမျိုးသမီးကိုယ်တိုင် သြဂုတ်လ၅ရက်နေ့မှာ 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ကို အကူညီတောင်းခံလာတဲ့ အတွက် 𝐍𝐔𝐆(အလုပ်သမားဝန်ကြီးဌာန) နဲ့ အတူပူးပေါင်းကာ သွားရောက်စစ်ဆေးပြီး စတင်အမှုဖွင့်ကာ ကူညီ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိမှာ ကျူးလွန်သူ ထိုင်းအမျိုးသားကို ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပေမယ့် ကျူးလွန်သူဘက်မှဝန်မခံ သေးဘဲ ၊ CCTV မှတ်တမ်းနဲ့ စစ်ဆေးမှုတွေ ထပ်လုပ်ပြီးပါက တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ MHAC မဟာမိတ်အဖွဲ့ထံမှသိရပါတယ်။
 
𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)အနေနဲ့ အခုလို အဓမ္မ ကျူးလွန်ခြင်းတွေ ဟန့်တားနိုင်စေရန်နဲ့ တရားမျှတမှုရရှိရန် တရားရုံးမှာ ထိရောက်စွာအဆုံးထိ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ကူညီပေးသွားမယ်လို့ သိရပါတယ်။

Related posts

Cover
တာ့ခ်ခရိုင်တွင် အထောက်အထားမဲ့နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား၂၃ဦးအဖမ်းခံရ
Oct 19, 2025
Cover
မလေးရှားမှာ ကူးစက်မြန် တုပ်ကွေးရောဂါ အဖြစ်များနေလို့ မြန်မာလုပ်သားများဂရုစိုက်ရန် လူမှုအဖွဲ့အစည်းများ အသိပေး
Oct 19, 2025
Cover
မြန်မာနိုင်ငံသားတွေ ဗီယက်နမ်နိုင်ငံကို ပြောင်းနေသင့်လား။ အပိုင်း(၂)
Oct 19, 2025
Cover
ကိုရီးယား EPS အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၇၀၀ ကျော်သာရှိ
Oct 17, 2025
Cover
ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ ရက် ၉၀ ကျော်လွန်သည်အထိ လိုင်စင်သက်တမ်းတိုး တင်ပြခြင်းမရှိပါက လိုင်စင်ပိတ်သိမ်းမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ
Oct 17, 2025
Cover
ပန်းရောင်ကတ်တင်ရန် စောင့်နေသည့်မြန်မာလုပ်သား၁၃၁ဦးမဟာချိုင်တွင်အဖမ်းခံရ
Oct 17, 2025
Cover
လူသစ် ပန်းရောင်ကတ် (ဘတ်) ပြုလုပ်ပေးခြင်း ယာယီရက်ရွှေ့ဆိုင်း ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာ
Oct 16, 2025
Cover
ပန်းရောင်ကတ် အတွက် လူသစ်ဘတ်တင်သူများ Website တွင်အမည်စာရင်းတင်မရဖြစ်နေ
Oct 16, 2025