NEWS

မြန်မာလုပ်သားတွေကို တင်ဆောင်လာသည့် ယာဉ် တိမ်းမှောက်ပြီး ၂ဦးသေဆုံး

CoverLogo
291 Views
 
ထိုင်းနိုင်ငံ Pathum Thani ခရိုင်မှာ မြန်မာလုပ်သားတွေ ကို တင်ဆောင်လာတဲ့ယာဉ်တိမ်းမှောက် မှုကြောင့် ၂ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန တွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။
 
စက်တင်ဘာ၂၂ရက် မနက် ၅နာရီ ၂၀မိနစ်ခန့်မှာ မြန်မာလုပ်သားတွေ စီးနင်းလာတဲ့ အနက်ရောင် Toyota Innova ယာဉ်တစ်စီးဟာ အရှိန်လွန်ကဲပြီး မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကွန်ကရစ်တုံးပေါ် ကျော်တက်ပြီး တိမ်းမှောက် သွားတယ်လို့ ဆိုပါတယ်။
 
ယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်ပေါ်လိုက်ပါလာတဲ့ ၉ဦး တွင် ယာဉ်မောင်းအမျိုးသားတစ်ဦးနဲ့မြန်မာလုပ်သားအမျိုးသမီးတစ်ဦးတို့သေဆုံး ခဲ့ကာ ကျန်၇ဦးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
 
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်မေးမှုအရ ယာဉ်မောင်းဟာ မောင်းနှင်လာတဲ့ခရီးလမ်းရှည်ခြင်းနဲ့မီးအလင်းရောင်မရှိတဲ့ အတွက် အိပ်ငိုက်ကာ အခုလို ယာဉ်တိမ်းမှောက်တာဖြစ်တယ်လို့ယူဆကြောင်း၊ယာဉ်ပေါ်လိုက်ပါလာတဲ့ မြန်မာလုပ်သားတွေ မှာလည်း တရားဝင်ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းများ မတွေ့ရှိတဲ့ အတွက် တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
 
သေဆုံးသူ၂ဦးနဲ့ဒဏ်ရာရရှိသူတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို Pathum Thani ဆေးရုံသို့ အမြန်ပို့ဆောင်ကုသပေးလျက်ရှိကာ ထိုင်းနိုင်ငံအတွင်း သို့ တရားမဝင် လာရောက်ခြင်း ဟုတ်မဟုတ်ကို ဆက်လက်စုံစမ်းပြီးဥပဒေအရ ဆောင်ရွက် သွားမယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
Ref-Pathumthani News,Matichon News

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026