NEWS

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူအများဆုံးနိုင်ငံဖြစ်လာ

CoverLogo
692 Views

၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်း အသုံးပြုမှုကြောင့် ထိခိုက်သေဆုံးမှု အရေအတွက်အများဆုံးဖြစ်လာတဲ့ နိုင်ငံဟာ ကမ္ဘာမှာ မြန်မာနိုင်ငံက ပထမဆုံးအဆင့်ဖြစ်လာပြီလို့ အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ (ICBL) က မနေ့ကထုတ်ပြန်လိုက်ပါတယ်။ 

အဆိုပါ အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ (ICBL)  ရဲ့နိုဝင်ဘာ၂၀ ရက်က ထုတ်ပြန်ချက်အရ မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် သေဆုံးမှုဟာ ၂၀၂၃ ခုနှစ်အတွင်း  မြန်မာနိုင်ငံက လူပေါင်း ၁,၀၀၃ ဦး သေဆုံး ခဲ့ရတာကြောင့် ကမ္ဘာ့နိုင်ငံတွေထဲ ပထမဆုံးလူသေဆုံးမှုအများဆုံးနိုင်ငံဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ 

ဒါဟာ အရင်နှစ်တွေက စစ်ပွဲနဲ့ ပဋိပက္ခ တွေကြား မြေမြုပ်မိုင်းကြောင့် သေဆုံးတာများခဲ့တဲ့ ဆီရီးယားလိုနိုင်ငံထက်ကို မြန်မာဟာ ကျော်လွန်ပြီး ထိခိုက်သေဆုံးတာတွေအရေအတွက်များလာတာလို့သိရပါတယ်။ 

ICBL ရဲ့ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် လူ ပေါင်းငါးထောင်ကျော် ( ၅၇၅၇ ဦး) သေဆုံးခဲ့ပါတယ်။ 

မြန်မာ၊ ရုရှားနဲ့ နိုင်ငံတချို့အနေနဲ့ မြေမြှုပ်မိုင်းတွေကို ဆက်လက်အသုံးပြုနေပြီး မြေမြှုပ်မိုင်းအသုံးပြုမှုကို တားမြစ်ထားတဲ့ နိုင်ငံတကာ သဘောတူညီချက်ကို လိုက်နာဖို့ အရေးပေါ် လိုအပ်နေတယ်လို့လည်း ICBL အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

ကိုလံဘီယာ၊ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ပါလက်စတိုင်း တို့မှာလည်း အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ၂၀၂၃ ခုနှစ် နဲ့ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းတွေကို ဆက်လက် အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။ 

" မြေမြုပ်မိုင်းတွေကြောင့် ထိခိုက်မှုနဲ့သေဆုံးမှုတွေ အတွက်အရေအတွက်တွေဟာ ICBL ရဲ့သိရှိရသလောက် အရေအတွက်နဲ့အ‌ခြေအနေတွေကိုသာမှတ်တမ်းတင်ထားတာဖြစ်လို့ မသိရှိနိုင်တဲ့ စစ်ပွဲဒေသတွေက ဖြစ်စဉ်တွေလည်း ရှိနိုင်သေးကြောင်းနဲ့အခုနှစ်အစီရင်ခံစာထဲမှာ မြေမြှုပ်မိုင်းကြောင့် ကလေးငယ် အပါအဝင် အရပ်သားသေဆုံးမှု  တုန်လှုပ်စရာ အရေအတွက်ကို မှတ်တမ်းတင်ထားတယ်လို့" ICBL ညွှန်ကြားရေးမှူး Tamar Gabelnick က ပြောထားပါတယ်။ 

မြန်မာနိုင်ငံမှာ လတ်တလောမှာလည်း ပဋိပက္ခတွေဖြစ်နေတဲ့အတွက် မြေမြှုပ်မိုင်း ဘယ်လောက်ရှိနေတယ်ဆိုတာကို ကွင်းဆင်း စစ်တမ်းကောက်ယူဖို့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်းကြောင့် မနှစ်က ဆီးရီးယားမှာ ၉၃၃ ဦး၊ အာဖဂန်နစ္စတန်မှာ ၆၅၁ ဦးနဲ့ ယူကရိန်းမှာ ၅၈၀ ဦး အသီးသီး သေဆုံး၊ ဒဏ်ရာရာမှုတွေ ရှိခဲ့တယ်လို့ ICBL ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း အရပ်သားသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုဟာ ၂၀၂၂ ခုနှစ်ထက် သုံးဆနီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ၂၀၂၃ ခုနှစ် ဧပြီလ ၃ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ 

Photo- Countries with the most Landmine casualties in 2023, according to the new Landmine Monitor report © John SAEKI / AFP 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026