NEWS

မြန်မာနိုင်ငံသား ၃၀ ကျော် လက်ခံထားသည့် ထိုင်းကျောင်းထိုင်ဘုန်းကြီးအဖမ်းခံရ

CoverLogo
302 Views
 
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စိုင်ယို့ခ် မြို့နယ်ရှိ ဘုန်းကြီးကျောင်းမှာ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်နဲ့ ၎င်းမြန်မာနိုင်ငံသားတွေ ကို ယာယီတည်းခိုဖို့ လက်ခံပေးတဲ့ကျောင်းထိုင်ဘုန်းကြီးကိုပါ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
 
ဇွန်လ ၁၈ ရက်က ကန်ချနဘူရီခရိုင်၊ စိုင်းယို့ခ်မြို့နယ်လမ်းပေါ် မောင်းနှင်လာတဲ့ ဟိုက်လပ်ကားကို စစ်ဆေးဖို့ ထိုင်းအာဏာပိုင်တွေက တားမြစ် ချိန်မှာ အရှိန်မြှင့်မောင်း ကာ ထွက် ပြေးသွားတယ်လို့ သိရပါတယ်။
 
ထိုင်းအာဏာပိုင်တွေက ၎င်းကားနောက် ကို လိုက်လံစုံစမ်းရာကနေ ကန်စီယန့်ရပ်ကွက်က၊ ဖရူမ်ဘန်ယို ဗုဒ္ဓပညာ
တောရကျောင်း မှာ တွေ့ရှိတဲ့ အတွက် ကျောင်းအတွင်း စစ်ဆေးရာကနေ အခုလို ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ကျောင်း အတွင်းမှာ မြန်မာ နိုင်ငံသား အမျိုးသား ၂၀ဦး၊ အမျိုးသမီး ၉ဦးနဲ့ ကလေး ၅ဦး စုစုပေါင်း ၃၄ဦး တွေ့ရှိရတယ်လို့ ထိုင်းသတင်းမှာဖေါ်ပြထားပါတယ်။
 
မြန်မာနိုင်ငံသား ၃၄ ဦးဟာ ဘုရားသုံးဆူနယ်စပ်ကနေ ထိုင်းနိုင်ငံ အတွင်း ဝင်ရောက်ခဲ့တာ ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် လာဖို့ အတွက် ပို့ဆောင်ပေးသူကို ပွဲစားခ တစ်ဦး လျှင် ဘတ် သုံးသောင်းကနေ ငါးသောင်း အထိ ပေးရကာ ကားမောင်းသမား မှာ ထိုင်းနိုင်ငံသားဖြစ်တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံသားတွေကို လက်ခံထားတဲ့ ထိုင်းလူမျိုး ကျောင်းထိုင်ဘုန်းကြီး ကိုလည်း လူဝတ်လဲ စေပြီး ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
 
အဖမ်းခံရတဲ့ မြန်မာ ၃၄ဦး၊ ထိုင်းကားသမားနဲ့ ဘုန်းတော်ကြီး တို့ကို ကန်ချနဘူရီမြို့ ရဲစခန်း ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
 
ယခု လအတွင်း ထိုင်းနိုင်ငံ သို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာတဲ့ အထောက်အထားမဲ့ မြန်မာ နိုင်ငံသားတွေကို နေ့တိုင်းနီးပါး အဖမ်း ခံနေရကာ အများစု မှာ ကြိုတင်သတင်းရရှိတဲ့ အတွက် ထိုင်းအာဏာပိုင်တွေက ကြိုတင်စောင့်ဆိုင်း ဖမ်းဆီးခဲ့တာလို့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေကပြောပါတယ်။
Photo-Kanchanaburi News

Related posts

Cover
General Textile (Myanmar) Apparel အထည်ချုပ် ပြည်တောင်စုနေ အလုပ်ဆင်းခိုင်း
Feb 09, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ်အလုပ်သမားများအား ဝန်ထမ်းတချို့ မှ ခွဲခြားဆက်ဆံ
Feb 09, 2026
Cover
Myanmar Zxi Xin အထည်ချုပ် စက်ရုံ အချိန်ပို အလွန်အကျွံခေါ်
Feb 08, 2026
Cover
Sudey အောစူပါက တရုံလုံး သူ အမိုက်ရိုင်းဆုံးလို့ ပြောပြီး ခြိမ်းခြောက်
Feb 08, 2026
Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026