NEWS

မြန်မာနိုင်ငံသား အများစု ကိုင်ဆောင်ကြတဲ့ ဆယ်နှစ်ခံကတ် (ခေါ်) ထိုင်းတောင်ပေါ်သားကတ်ကို လက်ရှိမှာ ပြုလုပ်ခွင့် မရှိဘဲ ပိတ်ထား

CoverLogo
1.6K Views

ထိုင်းနိုင်ငံ နယ်စပ် မြို့တစ်ခု ဖြစ်တဲ့ မဲဆောက်မြို့ဟာ မြန်မာပြည်သား အများစု နေထိုင်ကြပြီးအထောက်အထား တစ်ခုအနေနဲ့   ထိုင်းတောင်ပေါ်သားကတ် ခေါ် ဆယ်နှစ်ခံကတ်တွေကို  အများစု ကိုင်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

၎င်း ဆယ်နှစ်ခံကတ် ကိုင်ဆောင်သူအများစုဟာ တောင်ပေါ်ဒေသ တစ်လျှောက် မြန်မာ ရွေ့ပြောင်းအလုပ်သမားဘဝ နဲ့ အချိန်ကြာမြင့်စွာ အခြေချ နေထိုင်သူတွေအတွက် ထိုင်းနိုင်ငံမှ တရားဝင် ထုတ်လုပ်ပေးထားတဲ့ အထောက်အထား ကတ်တစ်မျိုးဖြစ်ပါတယ်။

"ကျနော်တို့က ဟိုး လွန်ခဲ့တဲ့ ၂၀၀၆ လောက်ကတည်းက မဲဆောက်ရောက်လာတာပေါ့ဗျာ။ဒီမှာ ကလေးတွေကျောင်းတက်၊ ကျနော်တို့က အလုပ်လုပ်ရင်းနဲ့ နေတာ ကြာလာတော့ ဆယ်နှစ်ခံ လုပ်ဖို့ အခွင့်အရေးရတုန်းလျှောက််တာ အခုတော့ တောင်ပေါ်သားကတ် နဲ့ ဒီမှာနေတာပေါ့ဗျာ။အဓိက နေတာကြာမယ် ထိုင်းစကားလည်း တတ်ဖို့လိုသေးတယ်ဗျ" လို့ မဲဆောက်ရောက် ဆယ်နှစ်ခံကတ် ကိုင်ဆောင်ထားသူ မြန်မာအမျိုးသား တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခုလက်ရှိ မဲဆောက်မှာ  မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို ၁၀ နှစ်ခံကတ်ထုတ်ပေး‌ တာနဲ့ ပတ်သက်ပြီး ထိုင်းဝန်ထမ်း ၃ ဦးကို လည်း အရေးယူထားတယ်လို့ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ယခုလက်ရှိ ဆယ်နှစ်ခံကတ် ကိုင်ဆောင်သူ အများစုဟာ မြန်မာနိုင်ငံမှ မဲဆောက်သို့ လာရောက်ခိုလှုံနေကြတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ဒုက္ခ သည် အဖြစ်လျှောက်ထားသူ‌တွေ အများစု ပါဝင်ကြပြီး သူတို့တွေဟာ ဆယ်နှစ်ခံကတ်ရဖို့အတွက် ဘတ် ၆သောင်းကနေ ဘတ် ၈သောင်း အထိ ပေးဆောင်ကြရတယ်လို့လည်း ပွဲစားတွေကနေတစ်ဆင့် သိရပါတယ်။

"အစ်မတို့လုပ်ပေးတာတော့ ပိုင်ရာ ဆိုင်ရာကနေ လုပ်ပေးတယ်။ အချိန်က သုံးပတ်ကနေ တစ်လ အများဆုံးကြာတယ်။ အခုလက်ရှိတော့ ရုံးကနေ ဘာမှ မလုပ်ပေးတော့ဘူး ပိတ်ထားတယ် ကြားတော့ အစ်မတို့လည်း ရပ်ထားရတယ်လို့ ပွဲစား တစ်ဦးက ပြောပါတယ်။

ဆယ်နှစ်ခံကတ်တွေကို ပြုလုပ်ရာမှာ အရေအတွက်အားဖြင့် တစ်ရက်ကို ဆယ်ယောက် ဝန်းကျင်ရှိပြီးတစ်ရက် ဝင်ငွေဟာ သိန်းဂဏန်း ရရှိနေတာကြောင့် ထိုင်း ထိုင်းနိုင်ငံသား အများစုက တိုင်ကြားတာတွေ ရှိလာတာတဲ့ အပြင် ဌာနဆိုင်ရာ ဝန်ထမ်းတွေကလည်း တိုင်ကြားမှုတွေ များလာတာကြောင့် အာဏာပိုင်တွေက စစ်ဆေးခဲ့ကြပြီး  ဆယ်နှစ်ခံ ကတ်နဲ့ ပက်သက်ပီး အဆင့်ဆင့် အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ထိုင်းသတင်းတွေကနေ တစ်ဆင့် ဖော်ပြထားပါတယ်။

#MyanmarLabourNews


Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026