NEWS

မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု​တွေကို လျစ်လျူရှု့အကျိုးမြတ် ရယူနေတဲ့ Next, New Yorker နှင့်  LPP အမှတ်တံဆိပ်​တွေကို IndustriAll တိုင်ကြားထား

CoverLogo
427 Views

မြန်မာနိုင်ငံတွင်းက အလုပ်သမားတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ဆက်တိုက်ရှိနေ​ပေမယ့် လျစ်လှူရှု ကာ ကုန်ပစ္စည်းတွေ ဆက်လက်မှာယူနေတဲ့ ဖက်ရှင်အမှတ်တံဆိပ်ကြီးတွေဖြစ်တဲ့ Next, New Yorker နှင့်  LPP အမှတ်တံဆိပ်တွေကို IndustriALL ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ (IndustriALL Global Union)က တိုင်ကြားမှု လုပ်ဆောင်ထားပါတယ်။ 

ဒီတိုင်ကြားမှုကိုတော့ IndustriALL က မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲချုပ် CTUM၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲချုပ် IWFM တို့နဲ့ ပူးပေါင်းကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံဖြိုးတိုးတက်ရေး အဖွဲအစည်း Organization for Economic Co-operation and Development - OECD ရဲ့အမျိုးသား ဆက်သွယ်ရေးအဖွဲ့  National Contact Points (NCPs) ထံ တိုင်ကြားခဲ့တာဖြစ်ပါတယ်။ 

တိုင်ကြားရတဲ့ အကြောင်းအရင်းကတော့ ဒီကုမ္ပဏီတွေဟာ OECD က ပြဌာန်းထားတဲ့ နိုင်ငံစုံစီးပွားရေးလုပ်ငန်း များ (MNCs) အတွက် လိုက်နာရမယ့်ကျင့်ဝတ်တွေနဲ့ အလုပ်သမား၊ လူ့အခွင့်အရေးတွေအပေါ် လေးစားတာဝန် ယူရမယ့်  လမ်းညွှန်ချက်တွေကို ချိုးဖောက်တာကြောင့် ဖြစ်တယ်လို့ IndustriALL က သတင်းထုတ်ပြန် ထားပါတယ်။ 

"မြန်မာနိုင်ငံမှာ ဆက်လက်လည်ပတ်နေတဲ့ အမှတ်တံဆိပ်တွေဟာ အကြောက်တရား ၊ အဓမ္မခိုင်းစေမှုနှင့် ခေါင်းပုံဖြတ်မှုများဆီက အကျိုးအမြတ်ရနေပါတယ်။ နိုင်ငံတွင်းမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ပြန့်စွာ ဖြစ်ပွားနေပြီး လွတ်လပ်စွာ သင်းပင်းဖွဲစည်းခွင့် လုံးဝ မရှိကြောင်း အပြည့်အစုံ ပါဝင်တဲ့ အစီရင်ခံစာတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ စစ်ဆေးကြပ်မတ်မှုတွေ အတွက် အလုပ်သမားတွေရဲ့ ပါဝင်မှုနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်တွေ လိုအပ်ပါတယ်။ စစ်အာဏာပိုင် အုပ်ချုပ်ရေးအောက်မှာတော့ ဒါတွေဟာ မဖြစ်နိုင်ပါဘူး။" လို့  IndustriALL အထွေထွေအတွင်းရေးမှူး Atle Høie က ပြောကြားပါတယ်။ 

IndustriALL ဟာ နိုင်ငံတကာအမှတ်တံဆိပ်တွေရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေကို တာဝန်ယူမှုနဲ့ ပြန်လည်ရုတ်သိမ်းရေးအတွက် လှုပ်ရှားဆောင်ရွက်နေတာဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်တော့  IndustriALL နဲ့  ပြည်တွင်းမှာ လုပ်ငန်းလည်ပတ်နေတဲ့ အထည်အမှတ်တံဆိပ်တွေကြားမှာ ဆွေးနွေးပွဲတွေလုပ်ဆောင်ခဲ့ပြီး “အမှတ်တံဆိပ်များ၏ မြန်မာနိုင်ငံမှ တာဝန်ခံမှုရှိစွာ စီးပွားရေး ရုတ်သိမ်းခြင်းဆိုင်ရာ မူဝါဒမှုဘောင်များ” ကို ချမှတ်ခဲ့ပါတယ်။ 

Primark, New Look, Inditex, H&M, Lidl နဲ့ Fast Retailing စတဲ့အမှတ်တံဆိပ်တွေကလည်း ဒီမူဝါဒတွေကို သဘောတူခဲ့ပါတယ်။ 

"နိုင်ငံစုံက ရင်းနှီးမြှပ်နှံတဲ့ ကုမ္ပဏီတွေ (MNCs) ရဲ့ မြန်မာနိုင်ငံမှာ တည်ရှိနေမှုဟာ ဆိုးရွားလှတဲ့ အလုပ်သမားနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အထောက်အပံ့ဖြစ်စေလို သူတိုကို မြန်မာပြည်ကနေ ထွက်သွားဖို ကျွန်မတို တိုက်တွန်းနေခဲ့တာပါ။ မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်အောက်မှာ ရောက်နေတဲ့ နိုင်ငံ၊ စက်မှုဇုန်တွေဟာ စစ်အုပ်ချုပ်ရေးအောက် ရောက်နေတဲ့ နိုင်ငံ၊ လွတ်လွပ်စွာ သင်းပင်းဖွဲစည်းပိုင်ခွင့်ဟာလည်း ပိတ်ပင်ခံထားရတဲ့ နိုင်ငံမှာ ဖက်ရှင် အမှတ်တံဆိပ်တွေဟာ OECD ရဲ့ လမ်းညွန်ချက်တွေနဲ့ အလုပ်သမားအခွင့်အရေး စီစစ်ကြပ်မှတ်မှုတွေကို လိုက်နာချင်ယောင်ဆောင်ကြပါတယ်။ ILO  စုံစမ်းစစ်ဆေးရေး ကော်မရှင်က မြန်မာနိုင်ငံတွင်း အဓမ္မခိုင်းစေမှုများနဲ့ လွတ်လပ်စွာသင်းပင်းဖွဲစည်းခွင့်ကို ပြင်းထန်စွာ ချိုးဖောက်မှုတွေကို စုံစမ်းအတည်ပြုခဲ့ပေမယ့်လည်း အဆိုပါ ကုမ္ပဏီတွေက နိုင်ငံတကာလမ်းညွန်ချက်တွေနဲ့ ILO ရဲ့ ပဋိညာဉ်တွေကို လျစ်လျူရှုပြီး မြန်မာပြည်မှာ ဆက်လက်လည်ပတ်နေကြပါတယ်" လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲချုပ်  IWFM ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင် က ပြောပါတယ်။ 

စီးပွားရေးနှင့်လူ့အခွင့်အရေးအရင်းအမြစ်စင်တာ Business & Human Rights Resource Centre – BHRRC က ထုတ်ပြန်တဲ့  မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု ဇယား အရ အခုနှစ် ဇွန်လကုန်အထိ နိုင်ငံတကာ ဖက်ရှင်အမှတ်တံဆိပ်တွေနဲ့ ဆက်နွယ်နေတဲ့ စက်ရုံ၊အလုပ်ရုံ ၂၆၆ ခုမှာ အလုပ်သမား အခွင့်အရေးချိုးဖောက်မှု ၅၅၆ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

" အလုပ်သမားအခွင့်အရေးကို စနစ်တကျချိုးဖောက်နေတာတွေက သိသာထင်ရှားတဲ့ သက်သေနဲ့တကွ မြန်မာနိုင်ငံမှာ ရှိပါတယ်။ ဒါကို မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ အမှတ်တံဆိပ်တွေ လျစ်လျူရှုလို မရပါဘူး။ ကမ္ဘာ့အကြီးဆုံး အမှတ်တံဆိပ်တွေက မြန်မာနိုင်ငံက ထွက်ခွာသွားပြီ ဖြစ်ကြပြီး ကျန်ရှိနေတဲ့ အမှတ်တံဆိပ်တွေက လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးထက် အကျိုးအမြတ်ကို ပိုဦးစားပေး တဲ့ အမှတ်တံဆိပ်တွေဖြစ်ကြပါတယ်။ ကျန်ရှိနေသေးတဲ့ အခြားအမှတ်တံဆိပ်များနဲ့ ပတ်သက်လို့ ထပ်မံတိုင်ကြားမှုတွေ လုပ်သွားဖို့

ကျွန်တော်တို့ စဉ်းစားနေပါတယ်။" လို့ Atle Høie ကပြောပါတယ်။ 

အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းက အလုပ်သမားတွေဟာ အဓမ္မခိုင်းစေခံရတာ၊ လုပ်အားခခေါင်းပုံဖြတ်ခံရ တာတွေအပြင် ဥပဒေအခွင့်အရေးတွေ ဆုံးရှုံးတာ၊ အလုပ်ရှင်တွေက စစ်တပ်နဲ့ရဲ အင်အားတွေ ခေါ်ယူအသုံးပြုပြီး ဖိအားပေးတာတွေကိုပါ ခံနေရတာပဲ ဖြစ်ပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026