NEWS

မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူပေါင်း တစ်သန်းကျော်ပြီဖြစ်

CoverLogo
1.2K Views

မြန်မာနိုင်ငံတွင်း မိမိတို့နေရပ်ကိုစွန့်ခွာရသူအရေအတွက် တစ်သန်းကျော်သွားပြီဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA က မနေ့က ဇွန်လ ၁ ရက်မှာ  ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ အရေအတွက်သည် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှု ဖြစ်ပြီးသည့်နောက်ပိုင်း ပဋိပက္ခနှင့် လုံခြုံရေး စိုးရိမ်ရမှုကြောင့် နေရပ်စွန့်ခွာ ထွက်‌ပြေး ကြရတဲ့ လူ ၇ သိန်းနီးပါးလည်းပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားမှာ တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး အရပ်သားများအပေါ် ထိခိုက်မှုတွေဟာပိုမိုဆိုးရွားလာနေတယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရရှိထားသည့်အချက်အလက်များအရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၆ သိန်း ၉ သောင်း ကျော်သွားပြီး  နိုင်ငံအနှံ့အိုးမဲ့အိမ်မဲ့စုစုပေါင်း တစ်သန်း ကျော်သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ မိမိတို့နေရပ်ကနေ စွန့်ခွာထွက်ပြေးခဲ့ရပြီး အိမ်ချင်းချင်းနိုင်ငံများသို့ လူပေါင်း ၄ သောင်းခန့်ဟာ နယ်စပ်ဖြတ်ကျော်ခဲ့ရတယ်လို့ ဆိုပါတယ်။

 

 


Related posts

Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026
Cover
အငှားအိမ်ရာ တိုက်ခန်း များ အား ပြန်လည် ငှားရမ်း၊ရောင်းချသူများကိုနေထိုင်ခွင့်ပယ်ဖျက်ပြီး ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်
Feb 21, 2026
Cover
အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသူများ လစဉ်ဓမ္မတာ ဆိုင်ရာ ကျန်းမာရေး ပြသာနာများ ရင်ဆိုင်နေရ
Feb 20, 2026