NEWS

မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်နှင့် မိသားစု​တွေအတွက်   ရက်ပေါင်း ၁၈၀ အထိ နေထိုင်နိုင်တဲ့  ဗီဇာထုတ်ပေးမယ်လို့ တရုတ်သံရုံးကြေညာ

CoverLogo
578 Views

မြန်မာနိုင်ငံ မှ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ အတွက် အကြာဆုံး ရက်ပေါင်း ၁၈၀ အထိ နေထိုင်နိုင်တဲ့  ဗီဇာအမျိုးအစားများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင် ခွင့်ပြုပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကကြေညာထားပါတယ်။ 

၎င်းဗီဇာဟာ မြန်မာနိုင်ငံရဲ့  စီးပွားရေးကုန်သည်များနဲ့ ကုန်သည်များရဲ့ အိမ်ထောင်ဖက်တွေ သားသမီး တွေကို  သက်တမ်းအကြာဆုံး ၅ နှစ် အတွင်း တရုတ်နိုင်ငံသို့ အကြိမ်များစွာ လာရောက်နိုင်တဲ့  (Multiple Entry) ဖြင့် အကြာဆုံး ရက်ပေါင်း ၁၈၀ အထိ နေထိုင်နိုင်တယ်လို့လန်ချန်း-မဲခေါင်ဗီဇာ လျှောက်ထားခြင်းဆိုင်ရာ အသိပေးချက် အနေနဲ့ တရုတ်သံရုံးက ထုတ်ပြန် ထားပါတယ်။ 

ဗီဇာလျှောက်ထား လိုသူတွေ အနေနဲ့ သံရုံး ဖုန်းနံပါတ်ကို ဖုန်းလက်ခံဖြေကြားချိန် -  ရုံးတက်ရက် မွန်းလွဲ ၂နာရီ မှ ၆နာရီ အထိ ဆက်သွယ်နိုင်ကာအီးမေးလ် ကနေ လည်း ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။ 

 


Related posts

Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026