NEWS

မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို မလေးရှား သို့ ဗီဇာမလိုဘဲ ၁၄ရက်သွားရောက် လည်ပတ်ခွင့်ပြု

CoverLogo
318 Views
 
မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို မလေးရှားနိုင်ငံသို့ အလည်အပတ်(Short-term Social Visit)သွားရန် ဗီဇာမလိုအပ်ဘဲ ၁၄ရက် အထိ နေထိုင်သွားလာခွင့်ပြုလိုက်ကြောင်း ရန်ကုန်အခြေစိုက် မလေးရှားသံရုံးက တရားဝင် သတင်းထုတ်ပြန် ကြေညာထားပါတယ်။
 
၎င်းအစီစဉ်ကို အောက်တိုဘာ ၁ရက် မှစတင်မှာ ဖြစ်ပြီး အခုလို ဗီဇာကင်းလွှတ်ခွင့်သည် မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့်ကို အာမခံခြင်း မဟုတ်ကြောင်းနဲ့ နိုင်ငံထဲသို့ ဝင်ရောက်ခွင့် ပြုခြင်း မပြုခြင်းမှာ သတ်မှတ်ထားသော ဝင်ပေါက်ထွက်ပေါက် များရှိ လူဝင်မှုကြီးကြပ်ရေး အရာရှိ တွေရဲ့ ခွင့်ပြုချက်အပေါ် မူတည်တယ်လို့ မလေးရှားသံရုံးကအသိပေးထားပါတယ်။
 
""၁၄ရက်ဗီဇာ ကင်းလွှတ်ခွင့်ပေးလို့ အရမ်းကြီး ထူးခြားတာမျိုးမဟုတ်ဘူး သံရုံးမှာ ဗီဇာမလျှောက်ကတော့လို့ အလုပ်မများတာရယ် ဗီဇာကြေးသက်သာတာရယ်ဘဲရှိမယ် သူတို့နိုင်ငံထဲ ဝင်ခွင့် က မလေးရှားလေဆိပ် အင်မီဂရေးရှင်း အရာရှိတွေဆုံး ဖြတ်ချက်ဘဲ ဗီဇာပါလည်း ပေးဝင်ချင်မှ ပေးဝင်တာ ""လို့ မလေးရှားသို့ သွားလာနေရတဲ့ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
 
ဒါ့အပြင်စင်င်္ကာပူနိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက်လိုတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေ အနေနဲ့ ဗီဇာမလိုဘဲ ၁၄ရက် သွားရောက် နိုင်တယ်လို့ စင်္ကာပူနိုင်ငံရှိ မလေးရှားသံရုံးကလည်း ကြေညာထားပါတယ်။
 
""အခုလို ဗီဇာကင်းလွတ်တယ်ဆိုပေမယ့် အလွယ်တကူ ဝင်ထွက်လို့ရမယ်မထင်ဘူး စိစစ်မှုတွေ ပိုတင်းကြပ်မလားတောင် ထင်မိတယ် သူတို့နိုင်ငံထဲ အလည်နဲ့ လာပြီး တရားမဝင် နေထိုင်တာတွေ မဖြစ်ဖို့ ပိုပြီး စိစစ်မယ်ထင်တယ် တကယ် လို့ အလည်နဲ့ လာမယ်ဆိုတောင် လိုအပ်တာတွေ သေချာပြင်ဆင်ပြီးမှ လာသင့်တယ် မဟုတ်ရင်ဆုံးရှုံးမှုတွေများနိုင်တယ်""လို့ မလေးရှားရောက်မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။
 
မြန်မာနိုင်ငံ မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မလေးရှား နိုင်ငံ သို့ သွားရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသား တွေ ပိုများလာပြီး တရားဝင်လမ်းကြောင်းကနေ လာရောက်ကျသလို တရားမဝင် နည်းလမ်း တွေနဲ့ လာရောက် အလုပ်လုပ်ကိုင်ကျတာတွေလည်းများလာကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026