ထိုင်းနိုင်ငံမှာ နာမကျန်းဖြစ်နေ ဖြစ်နေတဲ့ မြန်မာလုပ်သားတစ်ဦး ကို နေရပ်ပြန် ပိုဖို့ မိသားစုတွေ နဲ့ အဆက်သွယ် မရ ဖြစ်နေတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှ သိရပါတယ်။
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်၊ လောင်းကိုင်ရွာက ဦးအရော၊ ဒေါ်လှတို ရဲ့ သားဖြစ်သူ ကိုညမွေး (Nya Hmwe)ရဲ့ ကျန်းမာရေးအခြေအနေကြောင့် မဟာချိုင်မြို့ရှိ မဟာချိုင် (၃) ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
လက်ရှိ ကျန်းမာရေးအခြေအနေအရ လူနာကို နေရပ်သိုပြန်ပို့ရမှာ ဖြစ်ပေမယ့် မိသားစုတွေနဲ့ အဆက်သွယ် မရတာလို့ အလုပ်ရှင်နှင့် လူမှုကူညီရေးအဖွဲ့တွေက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို အကူညီ တောင်းခံလာတယ်လို့ ဆိုပါတယ်။
လူနာ ဖြစ်သူ ကိုညမွေး (Nya Hmwe) မိဘ ဆွေမျိုးတွေအနေနဲ့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၊ အလုပ်သမား သံအရာရှိရုံး ဖုန်း +66652206952'၊ +66652206953 ကို ဆက်သွယ်အကြောင်းကြားပေးဖို ထုတ်ပြန်ထားပါတယ်။