NEWS

မြန်မာစစ်ရှောင်များကို အလုပ်လုပ်ခွင့် ပြုရန် ထိုင်းအစိုးရသဘောတူ

CoverLogo
399 Views
 
ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ မြန်မာစစ်ရှောင်တွေကို အလုပ်လုပ်ခွင့် ပြုဖို့ ထိုင်းအစိုးရအဖွဲ့က ဩဂုတ်လ ၂၆ ရက်မှာ မူအားဖြင့် သဘောတူလိုက်ပြီ လို့ ထိုင်းသတင်း ဌာနတွေမှာဖေါ်ပြထားပါတယ်။
 
ယခု အဆိုပြုချက်ကို ထိုင်းပြည်ထဲရေး ဝန်ကြီးနဲ့ လက်ရှိ ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူ ဖုန်သမ် ဝီချာယာချိုင်က လက်မှတ်ရေးထိုးထားတယ်လို့သိရပါတယ်။
 
ဒီဆုံးဖြတ်ချက်ဟာ လူသားချင်းစာနာမှုအပြင် ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက်ပါ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်တယ်လို့ဆိုပါတယ်။
 
အခုလို နယ်စပ်ဒုက္ခသည်စခန်းတွေထဲက မြန်မာနိုင်ငံသားတွေ ကို ထိုင်းအစိုးရက အလုပ်လုပ်ခွင့်ပြုလိုက်တာဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့သိရပါတယ်။
 
ထိုင်းနိုင်ငံရှိ ကမ္ဘောဒီးယား လုပ်သား အစုအလိုက် အပြုံလိုက် ထွက်ခွာခဲ့ ပြီးနောက် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်း ၉ ခု မှ ဒုက္ခသည်များ ကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးရန် လုပ်ဆောင်လာခြင်း ဖြစ်တယ်လို့ ထိုင်းအလုပ်အကိုင်ဌာန ညွှန်ကြားရေးမှုးချုပ်က ဆိုပါတယ်။
 
မြန်မာဒုက္ခသည် တွေကို တရားဝင်အလုပ်လုပ်ခွင့် ပြုခြင်းသည် ထိုင်းနိုင်ငံအတွက် လုံခြုံရေး၊အလုပ်သမားလိုအပ်ချက်၊ စီးပွားရေး၊ ပြည်သူ့ကျန်းမာရေး နိုင်ငံတကာဆက်ဆံရေး တို့ အတွက် များစွာ အကျိုးရှိကြောင်း ပြည်ထဲရေးဝန်ကြီး Phumtham Wechayacha ကပြောပါတယ်။
 
လက်ရှိမှာ ထိုင်းနိုင်ငံ အတွင်း လုပ်သားလိုအပ်ချက် ရှိနေသလို မြန်မာနိုင်ငံသားများ အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
 
ယခုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ကို ထိုင်းဘုရင်ထံပေးပို့သွားပြီး ထိုင်းဘုရင်မှ လက်မှတ်ထိုးအတည်ပြု ပြီးပါက အသက်ဝင်လာမယ်လို့ သိရပါတယ်။
 
ထိုင်း-မြန်မာ နယ်စပ်မှာ စစ်​ဘေးဒုက္ခသည်စခန်း ၉ ခု မှာ ဒုက္ခသည် တစ်သိန်းကျော် နေထိုင်လျှက်ရှိပြီး အ​မေရိကန်အစိုးရက ဒုက္ခသည်​တွေအတွက် ကျန်းမာ​ရေးအကူအညီ ​တွေအပါအဝင် လူသားချင်းစာနာ​ထောက်ထားမှု​အကူအညီ​ပေးတာ​တွေကို၂၀၂၅ နှစ်ဆန်းပိုင်း ရပ်ဆိုင်းလိုက်တာ​ကြောင့် ဒုက္ခသည်​တွေဟာအခက်အခဲ​တွေနဲ့ရင်ဆိုင်​နေရပါတယ်။
Ref-The Reporter, Khaosod

Related posts

Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026