NEWS

မဲဆောက်သို့ တိမ်းရှောင်ရောက်နေသော မြန်မာလူငယ်များကို တောင်ကိုရီးယားတွင် အလုပ်အကိုင်ရရှိရေးဆွေးနွေး

CoverLogo
249 Views
 
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်သို့ အကြောင်းအမျိုးမျိုးနဲ့ တိမ်းရှောင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် တောင်ကိုရီးယားနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိဖို့ ဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရNUGက ဇန်ဝါရီ ၁၆ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
 
မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးဖော်ဆောင်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရရှိရေးနဲ့ အဆင်ပြေစွာ ရှင်သန်ရပ်တည်နေထိုင်နိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲကို The Korea National Assembly ၊ NUG လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားမှုဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဦးစီးဌာန၊ ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံး၊ MFDMC တို့ ပူးပေါင်းပြီးဇန်နဝါရီ ၁၄ရက်က မဲဆောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
 
ဆွေးနွေးပွဲ မှာ မဲဆောက်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အထူးသဖြင့် လူငယ်တွေကို ကိုရီးယားနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေး၊ ထိုင်းနိုင်ငံအတွင်း သင့်တော်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနိုင်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးဆွေးနွေးခဲ့ကြပါတယ်။
 
ဒါ့အပြင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် စီမံအုပ်ချုပ်မှုပုံစံအတိုင်းရွှေ့ပြောင်းနေထိုင်သူတွေ တည်ငြိမ်စွာ နေထိုင်နိုင်ဖို့ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
 
ယခုဆွေးနွေးမှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် ဆွေးနွေးပွဲကို ၂၀၂၅ ဇန်နဝါရီလမှာ ပြုလုပ်ခဲ့ကာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်နဲ့ အထောက်အထားတွေ ရရှိရေးအတွက် တွန်းအားပေးလုပ်ဆောင်နိုင်ခဲ့တယ်လို့ NUGမှ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026