NEWS

မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်

CoverLogo
168 Views
 
ထိုင်းနိုင်ငံ စမွတ်ဆုန်ကရန်ခရိုင်၊ မဲခလောင်မြစ် အတွင်း လေးနာရီကြာ ရေထဲ မျောပါနေတဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာလုပ်သားတစ်ဦးကကယ်တင်လိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာဖေါ်ပြထားပါတယ်။
 
အောက်တိုဘာ ၁ရက် ည၁၀နာရီ လောက်က အသက်၅၂နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးဟာ မြစ်ကမ်းစပ်မှာ ပုလင်းခွံတွေကောက်နေရင်း ရေထဲမတော်တဆ ပြုတ်ကျသွားတာဖြစ်ပြီး နဂိုပြုတ်ကျတဲ့နေရာမှ ၃ကီလိုမီတာ အကွာအဝေး သို့မျောပါသွားကာ ရေထဲမှာ လေးနာရီ ကြာအောင်မျောနေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
 
ရေထဲမျောပါသွားတဲ့ ထိုင်းအမျိုးသမီးဟာ မြစ်ထဲမှာ ငါးဖမ်းလှေများ စွာကိုအော်ဟစ်အကူညီတောင်းပေမယ့် လှေတွေမှာ အလွန်ကြီးတာကြောင့် ထိုင်းအမျိုးသမီးရဲ့ အကူညီတောင်းသံကို မကြားဘူးလို့ သိရပါတယ်။
 
ထို့နောက် မြန်မာလူမျိုး အလုပ်လုပ်တဲ့ နေရာနားက ငါးဖမ်းလှေနားအရောက် လှေ မှ ကြိုးကို စွဲထားရင်းနဲ့ အော်ဟစ် အကူအညီတောင်းခဲ့ရာမှ မြန်မာလုပ်သားက တွေ့ရှိပြီး ကမ်းပေါ်သို့ဆွဲတင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
""မြန်မာအမျိုးသား လုပ်သား သော်ဒီ (THODEE ) ကလည်း သူ မြစ်ကမ်းမှာ အလုပ်လုပ်နေရင်း အော်ဟစ် အကူညီ
တောင်းသံကြားတော့ ပထမတော့ သရဲခြောက်နေတာထင်နေပေမယ့် နောက်တော့မှ သေချာစစ်ဆေးလိုက်တော့ ငါးဖမ်းလှေတစ်ခုရဲ့ ကြိုးကိုဆုပ်ကိုင်ရင်း အသက်ရှင်ဖို့ ကြိုးစားနေတဲ့ အဒေါ်ကြီးကိုတွေ့ကြောင်း သူ့သူငယ်ချင်းတွေကို အမြန်ခေါ်ပြီးဆွဲတင်ကာမျက်နှာသုတ်ပဝါပေးခဲ့တယ်လို့""ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
 
အခုလို ထိုင်းအမျိုးသမီး ကို မြန်မာအလုပ်သမားအနေနဲ့ ကူညီကယ်တင်ပေးတာနဲ့ ပက်သက်ပြီး ထိုင်းလူမှုကွန်ယက် တွေမှာ မြန်မာလုပ်သားကို ချီးကျူးပြောဆိုတာတွေ တွေ့ရပါတယ်။
Ref-Khaosod English

Related posts

Cover
ယခုလအတွင်း တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၂၆၀ ဦး စေလွှတ်
Jan 20, 2026
Cover
မြန်မာ-ရုရှား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ဇန်နဝါရီ ၂၇ ရက် စတင်မည်
Jan 20, 2026
Cover
တောင်ကိုရီးယားရောက် မြန်မာလုပ်သားတစ်ဦး အဆုံးစီရင်
Jan 19, 2026
Cover
ကားအတွင်း ပြည့်ကြပ်စွာတင်ဆောင်လာသည့် မြန်မာလုပ်သား ၄၈ဦး ကန်ချနဘူရီ တွင် အဖမ်းခံရ
Jan 19, 2026
Cover
မဲဆောက်သို့ တိမ်းရှောင်ရောက်နေသော မြန်မာလူငယ်များကို တောင်ကိုရီးယားတွင် အလုပ်အကိုင်ရရှိရေးဆွေးနွေး
Jan 17, 2026
Cover
အသက် ၃၅ နှစ်အောက် လူငယ်များအား နိုင်ငံကူးလက်မှတ် PJ မှ PV ပြောင်းလဲမှု ရပ်ဆိုင်းထားဟုဆို
Jan 17, 2026
Cover
မဲဆောက်တွင် အကြောင်းမဲ့ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၄၂​ဦး နစ်နာကြေး ဘတ် ၃သန်းခန့်ရရှိ
Jan 16, 2026
Cover
PJ နှင့် CI ကိုင်ဆောင်၍ ပြည်ပမှ ပြန်လာသည့် လုပ်သားများ ဆိုက်ရောက် ကောင်တာ တွင်သတင်းပို့ခဲ့မှသာ ပြန်ထွက်ခွင့်ရမည်ဟုဆို
Jan 16, 2026