VIDEO

မေဒေး အလုပ်သမားအခွင့်အရေး တောင်းဆိုချက်များ

CoverLogo
311 Views

 
 
မြန်မာနိုင်ငံ သမိုင်းတလျှောက် အဆိုးရွားဆုံး ကပ်ဘေးတွေနဲ့ ရင်ဆိုင်နေရတဲ့ လက်ရှိမျက်မှောက်ခေတ်ရဲ့ ၂၀၂၅ ခုနှစ် မေလ ၁ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့အလုပ်သမား
နေ့ မှာတော့ အလုပ်သမားသမဂ္ဂတွေ ၊အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်တွေနဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေထံကနေ အနည်းဆုံးအခကြေးငွေတိုးမြှင့်ရေး ၊ စစ်အာဏာရှင်အဆုံးသတ်ရေး နဲ့ အဓမ္မခိုင်းစေမှုတွေ အမြန််ဆုံး ရပ်တန့်ရေး တောင်းဆိုချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
စစ်အာဏာသိမ်းကာလ မြန်မာနိုင်ငံမှာ ပြည်တွင်း ပဋိပက္ခတွေ၊ လုပ်သားရှားပါးမှုတွေ ၊ စီးပွားရေး ချွတ်ခြုံကျမှုတွေ နဲ့အတူ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေနဲ့ အဓမ္မ စစ်မှုထမ်း ရန်ခိုင်းစေမှု တွေကြောင့် အခြေခံပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းဟာ သမိုင်းမှာ အဆိုးရွားဆုံးအခြေအနေထိ နိမ့်ကျခဲ့ရပါတယ်။
ဒီအခြေအနေမှာ ဆင်းရဲမွဲတေမှု မြင့်တက်နေတဲ့ ပြည်သူတွေ အတွက်နေ့ စဉ်လူနေမှုကုန်ကျစရိတ် မြင့်တက်မှုတွေကို ကာမိဖို့ အနည်းဆုံးအခကြေးငွေ တိုးမြှင့်ပေးဖို့ကိုလည်း အလုပ်သမားအဖွဲ့အစည်းတချို့က တောင်းဆိုချက်တွေပြုလုပ်ကြပါတယ်။
လုပ်ခလစာ တိုးမြှင့်သတ်မှတ်ရေး ၊ လုပ်ငန်းခွင် ဆိုင်ရာအခွင့်အရေးချိုးဖောက်ခံရမှုတွေ ရပ်တန့်ရေး ၊ အနိမ့်ဆုံးလုပ်ခလစာတိုးမြှင့်သတ်မှတ်ရေးနဲ့ ဆင်းရဲမွဲတေမှုရဲ့ အဓိက အကြောင်းအရင်းဖြစ်တဲ့ စစ်အာဏာရှင် ပြုတ်ကျရေးတောင်းဆိုချက်တွေ ရှိခဲ့တဲ့ မြန်မာနိုင်င်ငံ အလုပ်သမားထုကြုံတွေ့နေရတဲ့ အခြေအနေတွေ အကြောင်းကို နှင်းနှင်းက တင်ဆက်ပေးထားပါတယ်။

Related posts

Cover
Sioen Myanmar စက်ရုံပိုင်ရှင်ထံသို့ အိတ်ဖွင့်ပေးစာ
Aug 18, 2025
Cover
Tianjin Fashion Milestone လုပ်သားများအား အထည် ထမ်းတင်ခိုင်း_
Aug 17, 2025
Cover
Hope One မှာ ဖယ်ရီအဆင်မပြေ
Aug 17, 2025
Cover
အခွင့်အရေးချိုးဖောက်ခံရမှုတွေဖြေရှင်းပေးဖို့ အလုပ်သမားတွေပြော
Aug 17, 2025
Cover
နိုင်ငံခြားငွေလဲနှုန်း ဈေးခုန်တက် ရွှေဈေး၊ စက်သုံးဆီဈေးများ မဆိုသလောက်ဈေးပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Aug 15, 2025
Cover
Shun Yu Myanmar Garment Co.,ltd ကလေးလုပ်သားတွေကိုဆဲဆိုခိုင်းစေ
Aug 14, 2025
Cover
Wan Xin Myanmar Company Limited ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို အလုပ်ထုတ်
Aug 13, 2025
Cover
မီလားဂါးဒင်းဖိနပ်စက်ရုံမှာ လုပ်ခတိုးပေးရေးတောင်းဆိုမှုပြုလုပ်
Aug 13, 2025