NEWS

မူဆယ်ကတဆင့် တရုတ်ပြည်ကို  တပတ်ကတ်နှင့် ဝင်ရောက်ပြီး ပြန်ထွက်သူနည်းသည့်အတွက် တရုတ်ဘက်မှ အဖမ်းဆီးနေ့စဉ်ပြုလုပ်

CoverLogo
839 Views

မူဆယ်ကတဆင့် တရုတ်ပြည် နယ်စပ်ကို တစ်ပတ်တာသက်တမ်းရှိ TBP, BP စတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တို့နဲ့ ဝင်ရောက်လာပြီး ပြန်ထွက်သူအလွန်နည်းတဲ့အတွက် တရုတ်ပြည်တွင်း ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ မူဆယ်ဒေသခံတွေထံကသိရပါတယ်။

ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့ ဝင်ရောက်သူဟာ  ၇ရက်ပြည့်ပါကမူဆယ်ဘက်ကို  ပြန်လည်ထွက်ခွာရပြီး ပြန်လည်ဝင်ရောက်ရန်အတွက် လုပ်ဆောင်ရတယ်လို့ဆိုပါတယ်။

လတ်တလောမှာတော့ မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်ပြည်တွင်း အလုပ်သွားရောက်လုပ်သူတွေဟာ ၇ရက်ပြည့်သော်လည်း ပြန်လည်ထွက်ခွာလာခြင်း မရှိတာများနေတယ်လို့ ဆိုပါတယ်။

""အခုကတစ်ပတ်ကတ်နဲ့ဝင်ပြီး ပြန်မထွက်တဲ့သူကများတယ်။ အဲဒီတော့ တရုတ်ဘက်မှာ တစ်ပတ်ကတ်နဲ့ဝင်တဲ့သူတွေ ပြန်ထွက်ပါ ရက်ကျော်ရင် ဖမ်းမယ် ဆိုတာ မျိုး ကို တရုတ်ရဲတွေက လိုက်လံ ကြေညာတာတွေရှိသလို အဖမ်းစီးလည်းများနေတယ်။""လို့ မူဆယ်ဒေသခံတစ်ဦးကပြောပါတယ်။

ဖမ်းဆီးတာမှာ တချို့ကို ပြစ်ဒဏ်ပေးပြီး တချို့ကို ပြည်တွင်း ကို ပြန်ပို့ကာ တရုတ်ပြည်အတွင်း ပြည်ဝင်ခွင့် ၃နှစ်မှ ၅နှစ် အထိ ပိတ်ခံရတဲ့သူလည်းရှိတယ်လို့ဆိုပါတယ်။

လက်ရှိမှာ တရုတ်ပြည်အတွင်း နေထိုင်ရက် သက်တမ်းကျော်လို့ ဖမ်းဆီးခံသူ မြန်မာနိုင်ငံသားများ နေ့စဉ် ရာနဲ့ချီရှိပြီး ရပ်ကွက်တိုင်းမှာ စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေတယ်လို့သိရပါတယ်။

   ""တစ်ပတ်ကတ်နဲ့ဝင်ပေမယ့်လဲ တရုတ်ဘက်က လုပ်ငန်းရှင်က သူတို့အစိုးရထံမှာအလုပ်လုပ်ခွင့်ကတ် လျှောက်ပေးရင်တော့ တစ်နှစ် လုပ်လို့ရတယ်။ဒါကလဲ လုပ်ငန်းရှင်က အာမခံပြီး လုပ်ပေးမှရတာ ကျန်တဲ့ တစ်ပတ်ကတ်တို့ စာအုပ်နီ တို့ ကိုင်ထားတဲ့ သူကတော့ တပတ်ပြည့်တာနဲ့ နယ်စပ်ဂိတ်ကနေပြန်အထွက်ပြပြီး အဝင်တုံး ပြန်ထုရတာ မဟုတ်ရင် တော့ အဖမ်းခံရနိုင်တယ်""လို့ မူဆယ်ဒေသခံကပြောပါတယ်။

ယခင်နှစ်ကုန် ပိုင်းက မူဆယ် မြို့နယ် အတွင်း တိုက်ပွဲ များကြောင့် နယ်စပ်ဂိတ်ကတစ်ဆင့် တရုတ်ပြည်ကို မြန်မာနိုင်ငံသားတွေ ဝင်ရောက်တုန်းက သက်မှတ်ရက် ကျော်သော်လည်း  ဖမ်းဆီးမှု အလွန်နည်းကာ ယခုနှစ်ဆန်းပိုင်းကစပြီး ရက်ကျော်နေထိုင်သူတွေ ကို ဖမ်းဆီးတာ များလာတာ ဖြစ်တယ်လို့ သိရပါတယ်။

 


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026