NEWS

မီးလောင်မှုဖြစ်ပွားပြီးနောက် ယာယီပိတ်သိမ်းခဲ့တဲ့ Solamoda 2(Myanmar Sunview) စက်ရုံလုပ်သားများနစ်နာကြေးရရှိရေး ဆက်လက်ညှိနှိုင်းမည်

CoverLogo
628 Views

ရွှေပြည်သာမြို့နယ်၊ ဒေါ်ဖွားရှင်လမ်းတွင် ဖွင့်လှစ်ခဲ့တဲ့ Solamoda 2(Myanmar Sunview) အထည်ချုပ်စက်ရုံက အလုပ်သမားများဟာမီးလောင်လို့စက်ရုံယာယီပိတ်သိမ်းထားတဲ့အချိန်က စက်ရုံပိတ်နစ်နာကြေးရရှိဖို့ ပထမအကြိမ်ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခဲ့ပေမဲ့ ပြေလည်မှုမရရှိသေးလို့ ဆက်လက်ညှိနှိုင်းမယ်လို့ သိရပါတယ်။ 

 

" လုပ်ငန်းရှင် နှင့် ဒုတိယ အကြိမ် ညှိနှိုင်းမှူ ကို စက်တင်ဘာ လဆန်းတွင် ပြုလုပ်ပါမည်။မိမိတို့တောင်းဆိုထား သည့် တောင်းဆိုချက် (၃) ချက်တွင် (၂) ချက်မှာ သဘောတူညီမှု ရရှိ ပြီးဖြစ် ပါသည်။ညှိနှိုင်းရန် ကျန်ရှိသည့် နောက်ဆုံးချက် ဖြစ်သော ကြားကာလ နစ်နာကြေး တောင်းဆိုချက် ၁၅-၃-၂၀၂၁ မှ ၃၁-၁၂-၂၀၂၁ ထိ ၉လခွဲ လစာတွင် ခုံကောင်စီ မှ နစ်နာကြေးချမှတ်ထားသည့် လဝက်စာကို ထုတ်နှုတ်ပါက ၉ လစာ ကျန်ရှိပါသည်။

STUM အနေဖြင့် ယခု ညှိနှိုင်းမှူတွင် အပြီးသတ် အဖြေ ရရှိနိုင်မည် ဟု ယုံကြည်မျှော်လင့်ပါသည်" လို့ ဆွေးနွေးညှိနှိုင်းမှုပါဝင်နေတဲ့ STUM ကလူမှုကွန်ယက်က တဆင့်အသိပေးထားပါတယ်။ 

 

ဒုတိယအကြိမ်ဆွေးနွေးညှိနှိုင်းမှုကို လာမဲ့စက်တင်ဘာလဆန်းပိုင်းမှာ ဆက်လက်ပြုလုပ်သွားမှာဖြစ်လို့ 

ဝန်ထမ်းများ အနေဖြင့် မိမိတို့ရဲ့ လိုင်း စူပါ၊ လီဒါ များနှင့်ဆက်သွယ်ကာ မိမိတို့ နောက်ဆုံးလက်ခံနိုင်တဲ့ ရလာဒ်ကို ဆွေးနွေး၊ အကြံပြုထားဖို့လည်း STUMက တိုက်တွန်းထားပါသေးတယ်။

 

ပထမအကြိမ်ဆွေးနွေးညှိနှိုင်းမှုကို ပြီးခဲ့တဲ့ဇူလိုင်လ ၁၆ရက်နဲ့ ၁၉ရက်နေ့တွင် 

 “Solamoda 2(Myanmar Sunview) အထည်ချုပ်က မီးလောင်သည့်အချိန် တွင် တာဝန်ထမ်းဆောင်တဲ့ All Super, Lines Super , Leaders များ နှင့် STUM မှ တာဝန်ရှိသူများ Solamoda group မှ စေလွှတ်လိုက်သည့်တာဝန်ခံနှင့် စက်ရုံဘက်မှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။ 

 

အဲ့ဒီဆွေးနွေးညှိနှိုင်းမှုမှာ အလုပ်သမားများဘက်ကယခင်ကတောင်းဆိုချက်များအတိုင်း 

 

၁။နှစ်အလိုက်အလုပ်ထုတ် နစ်နာကြေး ၂။နို့တစ်ကြေး တလစာ။ 

၃။ကြားကာလနစ်နာကြေး(၁၄-၃-၂၀၂၁ မှ ၃၁-၁၂-၂၀၂၁) ကို ဆက်လက်တောင်းဆိုခဲ့တာဖြစ်ရာ အလုပ်ရှင်က တောင်းဆိုချက် (၁)နှင့်(၂) ကို သဘောတူထားပြီး တောင်းဆိုချက်(၃) ကို သဘောတူညီမှူ မရခဲ့တာကြောင့် ပထမ အကြိမ် တွေ့ဆုံ ညှိနှိုင်းမှူ ပျက်ပျယ်ခဲ့တယ်လို့ STUMမှ သိရပါတယ်။ 

 

အဆိုပါစက်ရုံက အလုပ်သမားအင်အား တစ်ထောင်ကျော်ဖြင့် လုပ်ငန်းလည်ပတ်ခဲ့ရာက ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးအာမခံထားရှိထားပေမဲ့ အလုပ်သမားတွေအပေါ် စက်ရုံပိတ်နစ်နာကြေးပေးဆောင်ခြင်းမရှိဘဲ စက်ရုံယာယီပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။ 

 

နိုင်ငံရေးတည်ငြိမ်မှုမရှိသည့် မတ်လ (၁၄) ရက်တွင် စက်ရုံမီးလောင်မှု ဖြစ်ပွားခဲ့ပြီး ငါးလကျော်ကြာမြင့်သည်အထိ ရှေ့ဆက်လုပ်ဆောင်မည့် အခြေအနေနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်ဘက်မှ အသိပေးခြင်းမရှိခဲ့သလို လုပ်ခလစာ မရခဲ့ဘူးလို့လည်း သိရပါတယ်။

 

#MyanmarLabourNews 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026