NEWS

မိုးပျံတံတားစီမံကိန်းမှာ သေဆုံးခဲ့တဲ့ မြန်မာလုပ်သား ၄ ဦး အတွက် ဘတ် ၄ သန်းနစ်နာကြေးရ

CoverLogo
90 Views
 
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၊ အမြန်လမ်းမိုးပျံတံတား ကရိန်းသံဘောင် ပြိုကျမှုကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားလေးဦး အတွက် နစ်နာကြေး အဖြစ် အလုပ်သမားတစ်ဦး ကို ဘတ်တစ်သန်းစီ ဖြင့် ဘတ် ၄ သန်း နစ်နာကြေးရရှိတယ်လို့ ထိုင်းနိုင်ငံ ရှိ မြန်မာအလုပ်သမား သံအရာရှိရှံးက သတင်းထုတ်ပြန်ပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်၊ နံနက် ၄ နာရီ အချိန်ခန့် က ထိုင်းနိုင်ငံ၊ စမုစခွန်၊ ဖလမ်းဆောင်လမ်းမကြီး (RAMA-2)၊ ၂၁ မိုင်ရှိ အမြန်လမ်းမိုးပျံတံတား တည်ဆောက်ရေး လုပ်ငန်းခွင် မှာ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်စဉ် ကရိန်းသံဘောင် ပြိုကျမှု ကြောင့် မြန်မာနိုင်ငံသားအလုပ်သမား (၄) ဦး ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
 
သေဆုံးခဲ့တဲ့ မြန်မာလုပ်သား လေးဦး ရဲ့ နစ်နာမှုအတွက် ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ ထိုင်း UDONSAK CHIANGMAI Co., Ltd ဘက်မှ လူသားချင်းစာနာထောက်ထားမှုအရ သေဆုံးနစ်နာမှု စေတနာကြေးငွေ အဖြစ် တစ်ဦး ကို ထိုင်းဘတ်ငွေ (၁) သန်းစီဖြင့် စုစုပေါင်းထိုင်းဘတ်ငွေ (၄) သန်း ကို မြန်မာသံရုံး၊ တာဝန်ရှိသူများရဲ့ ရှေ့မှောက်တွင် ထိုင်း UDONSAK CHIANGMAI Co., Ltd တာဝန်ရှိသူများ က သေဆုံးသူ အလုပ်သမားတွေရဲ့ မိသားစုဝင် (၄) ဦးထံသို့ လက်ရောက်ပေးအပ်ခဲ့တယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားပါတယ်။
 
၎င်းမိုးပျံတံတားစီမံကိန်း ကရိန်းသံဘောင် ပြိုကျမှုကြောင့် မြန်မာလုပ်သားလေးဦးနဲ့ ထိုင်းနိုင်ငံသားလုပ်သားတစ်ဦးသေဆုံးခဲ့ကာ မြန်မာလုပ်သားအပါအဝင် ထိခိုဒဏ်ရာ ရရှိတဲ့ လုပ်သား ကိုးဦး ရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
အလုပ် လုပ်ခွင့် (Work permit)အတု လုပ်သည့် ဝက်ဆိုဒ်များအား သတိထားရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနသတိပေး
Jun 11, 2025
Cover
မလေးရှားသွားမည့် မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသောကား ထိုင်းတောင်ပိုင်းတွင် တိမ်းမှောက်သဖြင့် မြန်မာအပါအဝင် ၉ ဦးဒဏ်ရာရ
Jun 11, 2025
Cover
ကိုရီးယားရောက် မြန်မာလုပ်သားများ ဝင်ငွေခွန်ပြေစာ မဖြစ်မနေ လာထုတ်ရန် သံရုံးကြေညာ
Jun 10, 2025
Cover
ဘန်ကောက် မိုးပျံတံတား လုပ်ငန်းခွင် မြန်မာလုပ်သားတစ်ဦးထပ်မံသေဆုံး
Jun 10, 2025
Cover
အလုံပိတ်ကားဖြင့် လိုက်ပါလာရသည့် မြန်မာလုပ်သား ၄၀ဦး အဖမ်းခံရ
Jun 08, 2025
Cover
စာချုပ် ချုပ်ထားပြီး အသက်ကန့်သတ်ချက် ကိုက်ညီနေတဲ့ အမျိုးသား လုပ်သားတွေပြည်ပထွက်ခွင့်မရ
Jun 03, 2025
Cover
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား တွေအတွက် CI စာအုပ်သက်တမ်းတိုး စခန်းများဖွင့်လှစ်ပေးမည်ဟုဆို
Jun 02, 2025
Cover
ပဲလှော်ကြား ဆားညှပ်ရသည့် လာအိုရောက် မြန်မာလုပ်သမားများ
May 31, 2025