NEWS

မိုးထိမိုးမိ ရွှေလုပ်ကွက်များ မြေပြိုကျပြီး ရွာလုံးကျွတ်မြေအောက်ရောက်ကာ အလုပ်သမားအများအပြား ပျောက်ဆုံးနေ

CoverLogo
1.4K Views

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိရွှေလုပ်ကွက်များတွင် မိုးသည်းထန်စွာ ရွာသွားမှုကြောင့် မြေပြိုကျမှုများဖြစ်ကာ ရွာလုံးကျွတ်မြေအောက်ရောက်ကာ အလုပ်သမားအများပြား ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ 

"ခုသတင်းရလို့ ကျွန်တော်တို့မိတ်ဖက်ပရဟိတအသင်းတွေကို လိုက်မေးကြည့်တော့ အားလုံးကရေဘေးမှာဆင်းကယ်နေကြတော့ လက်ရှိမြေပြိုမှုမှာမြေပြင်ကိုမရောက်သေးဘူးသိရတယ်။ သတင်းအရတော့ ၇၀၀ ကြားတယ်ပြောတယ်။ သူတို့ဒေသခံမေးတော့ ကျန်ခဲ့တဲ့လူအရေအတွက်အရ ခန့်မှန်းရင် ၄၀၀ ကျော် ၅၀၀ လို့ပြောတယ် ရေဘေးရှောင်နေတာရောဆိုတော့ လူဦးရေမှန်းမရသေးလို့ အတိအကျမပြောနိုင်ဘူးပြောတယ်ဗျ" လို့ လူမှုကူညီရေးအသင်းတစ်ခုမှ သိရပါတယ်။ 

ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိရွှေလုပ်ကွက်မှာ ရွှေတူးဖော်ရေးလုပ်ကွက်နှင့် ရွှေတူးဖော်ရေးအလုပ်သမားများနေထိုင်ရာနေရာများဖြစ်ကာ မိုးထိမိုးမိရွှေတူးဖော်ရေးတွင် လုပ်ကွက်ပေါင်း၄၀ နီးပါးရှိတယ်လို့သိရပါတယ်။ 

စက်တင်ဘာ ၁၁ ရက်နဲ့၁၂ရက်နေ့တွေမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရမည်းသင်းမြို့နယ်အတွင်းရှိ သပြေပင်ကျေးရွာဟာ တောင်ကျချောင်းရေနဲ့အတူ မြေပြိုကာမြေကြီးအောက်ရောက်ရှိသွားတာဖြစ်ပြီး အခြားသော
ငါးတဲစုကျေးရွာ၊ အရှေ့ပင်ရွာ အပါအဝင် ကျေးရွာအများအပြားလည်း ပါဝင်သွားတယ်လို့ သိရပါတယ်။ 

ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာဟာ  အိမ်ခြေ ၃၅၀ ကျော်ရှိတဲ့အနက် အမြင့်ပိုင်းက အိမ်ခြေ ၄၀ ကျော်သာကျန်ရှိခဲ့​ပြီး လူဦးရေ ၁၆၀၀ မှာ ၉၀၀ လောက်သာ ကျန်တယ်လို့ သတင်းတွေအရ သိရပါတယ်။

မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်ကွက်မှာ အလုပ်လုပ်တဲ့ အလုပ်သမား မိသားစုတွေ နေကြ​ပြီး လူဦးရေ ၁၆၀၀ အနက် အမြင့်ပိုင်းတွေ တက်ပြီး ကျန်ခဲ့တဲ့လူဦးရေ ၃၀၀၊  သပြေပင် ဘုန်းတော်ကြီး ကျောင်းမှာခုံလှုံနေတဲ့ လူဦးရေ ၃၅၀နဲ့  ရေဘေးသင့်စခန်းမှာ ၂၅၀  စုစုပေါင်း လူဦးရေ ၉၀၀ လောက်ပဲ ကျန်ခဲ့​ပြီးကျန်တဲ့ ၇၀၀ လောက် ပျောက်နေတယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာ ရေဘေးသင့်နေရာတွေအများအပြားရှိပြီး ရေဘေးကယ်ဆယ်ရေးကိုလုပ်ဆောင်နေတာကြောင့် 
ရမည်းသင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကယ်ဆယ်ရေး ရောက်ရှိလာခြင်းမရှိသလို အသက်ရှင်ကျန်ရစ်သူများမှာလည်း စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရတယ်လို့သိရပါတယ်။


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026