NEWS

မိုနာလီဆာ အရောင်းဝန်ထမ်းများ အလုပ်ချိန်နှင့် လုပ်အားခ ခေါင်းပုံဖြတ်ခံနေရ

CoverLogo
658 Views
 
မိုနာလီဇာ (Mo Nar Li Zar Advertisement Occupation) Door to Door Merketing လုပ်ငန်းက အလုပ်ချိန်နဲ့ လုပ်အားခ ခေါင်းပုံ ဖြတ်ခံရပြီး လစာအနည်းငယ်နဲ့ လုပ်ကိုင်နေရတယ်လို့ အရောင်းဝန်ထမ်းတွေက ပြောပါ တယ်။ အဲဒီ လုပ်ငန်းကတော့ လှိုင်သာယာမြို့နယ်၊ ပဲခူးလမ်း၊ ၁၁ရပ်ကွက်၊ ပဲခူးလမ်း မှတ်တိုင်အနီးမှာ လုပ်ငန်း လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အလုပ်ချိန်က မနက် ၁၀ နာရီဆို လမ်းလျှောက်ရောင်းရမဲ့ မြို့နယ်ကို လိုက်ပို့ပေးတယ်။ အဲ့ဒီကနေ ည ၈ နာရီ လောက်မှ ပြန်ရတယ်။ နယ်ထွက်တယ်ဆိုရင် ည ၁၀ နာရီ လောက်မှ ပြန်ရတယ်။ ပြန်ရောက် ၁၁ နာရီကျော် အဲဒီကနေ စာရင်းပြန်အပ်တာနဲ့ဆို ၁ နာရီလောက်မှ နားရတာမျိုး ပါ” လို့ အရောင်းဝန်ထမ်းတဦး က ပြောပါတယ်။
အရောင်းဝန်ထမ်းတွေအတွက် တလနားရက် ၂ ရက်သာရရှိပြီး မနက် ၆ နာရီဆို အိပ်ထကာ လုပ်ငန်းရှင်ရဲ့ အိမ်မှု ကိစ္စတွေကို လုပ်ကိုင်ပေးရတယ်လို့ အဲဒီ အရောင်းဝန်ထမ်းတဦးက ပြောပါတယ်။ လက်ရှိ အမျိုးသား၊အမျိုးသမီး၊ LGBT စတဲ့ အရောင်းဝန်ထမ်း ၂၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။
“ မနက် ၆ နာရီထခိုင်းတယ်၊ သူတို့အိမ်အလုပ်တွေ ဝိုင်းလုပ်ရတယ်၊ အိမ်သန့်ရှင်းရေးတို့၊ ကား ရေဆေး တာတွေ လုပ်ရတယ်။ မိန်းကလေးတွေလည်း ထမင်းဟင်းချက်တာက အစ လုပ်ရတယ်။ ဒါတွေပြီးမှ ၁၀ နာရီလောက် အရောင်းထွက်ရပါတယ်” လို့ ပြောပါတယ်။
မိုနာလီဇာအမည်နဲ့ ခေါင်းလျှော်ရည်၊ အလှကုန်ပစ္စည်း၊ အဆီကျဆေးနဲ့ အလှပအတွက် ပစ္စည်းတွေကို ကိုယ်ပိုင်တံဆိပ်နဲ့ ရောင်းချနေတာလို့ သိရပါတယ်။ ဒီပစ္စည်းတွေကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေ မှာ Door to Door စနစ်နဲ့ အရောင်းဝန်ထမ်းတွေက လမ်းလျှောက် ရောင်းချရတာလို့ အရောင်းဝန်ထမ်း က ပြောပါတယ်။
“အရောင်းဝန်ထမ်းတွေကို သတ်မှတ်ပေးတဲ့ အတိုင်း ပြည့်အောင် ရောင်းခိုင်းတယ်၊ မပြည့်ဘူးဆိုရင် ပြည့်အောင် အရောင်းဝန်ထမ်းက လစာထဲက စိုက်ဝယ်၊ ဝယ်ရရင်လည်း ငွေ သောင်းဂဏန်း ဝယ်ရတာ၊ လုပ်ငန်းရှင်ဘက်က အတင်းအဓမ္မ မဝယ်ခိုင်း ပါဘူး ဆိုပြီး လက်မှတ်ထားခိုင်းထားလည်း ရှိတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
အရောင်းဝန်ထမ်းတွေက လုပ်ငန်းခွင်မှာ နေထိုင်စားသောက်ရတာဖြစ်လို့ လက်မှတ်မထိုးလို့ မရတဲ့ အခြေအနေဖြစ်နေတယ်လို့လည်း ပြောပါတယ်။ အဲဒီလို အရောင်း ပစ္စည်းဝယ် ယူပေးရတဲ့ အပြင် စရိတ်အတွက် လစာထဲက ထပ်ပြီး ဖြတ်ထောက်ခံရတယ်လို့ ဆက်ပြောပါတယ်။
“ အရောင်းထွက်ရင် စားရိတ် ၂၀၀၀ ပေးတယ်၊ ပြန်ဖြတ်ရင်တော့ ၃၅၀၀ ပြန်ဖြတ်တယ်။ တလဆိုရင် အနည်းဆုံး ၁၀ ရက်၊ တချို့ဆို ၃ လ ၄ လအဖြတ်ခံရတော့ ထပ်လည်း မပေးနိုင်ဘူးဆိုတော့ အလုပ် ကနေ ထွက်ပြေး ရတဲ့ အထိပဲ ။ “ လို့ အရောင်းဝန်ထမ်းတဦးက ပြောပါတယ်။
လုပ်ခ လစာတွေ ဖြတ်ခံရတာများပြား လို့ မိသားစုလည်းမထောက်ပံ့နိုင်တာထက်အပြင် တကိုယ်ရည် သုံးစွဲဖို့ အခက်အခဲပါ ဖြစ်ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် တခြားလုပ်ငန်းတွေထက် အလုပ်ချိန်ပိုများပြီး နားရက် နည်းတာတွေက အရောင်းဝန်ထမ်းတွေရဲ့ဘဝ တိုးတက်ရေးဘာတခုမှ မလုပ်နိုင်အောင် ဖြစ်နေတယ်လို့ အဲ့ဒီ အရောင်းဝန်ထမ်းက ပြောပါတယ်။
“ပစ္စည်းတွေက ဈေးလည်းကြီးတယ်၊ သိပ်မဝယ်နိုင်ကြဘူး။ အရောင်း ဝန်ထမ်းတွေ သတ်မှတ်တိုင်း မရောင်းရဘူး၊ အဖြတ်ခံရတဲ့ ရက်က များတယ်။ သုံးဖို့ မကျန်အောင်ပဲ။ နားရက်က ၂ ရက်နဲ့ အလုပ်ချိန် လည်း ညနက်မှ ပြီးတော့ တိုးတက်ရာ တိုးတက်ကြောင်း ဘာမှ မလုပ်နိုင်တော့ အနာဂတ် ပျောက်နေ တာပဲ” လို့ ပြောပါတယ်။
သတ်မှတ်ချက်အတိုင်း မရောင်းနိုင်ပါက ဖြတ် တောက်မှုတွေ ပြုလုပ်မယ်လို့ အလုပ်ခန့်စဉ်ကတည်းက ပြောကြားသတ်မှတ်ထားတာ မရှိသလို အရောင်းဝန်ထမ်းတွေရဲ့ သက်သေခံ ကတ်ပြား၊ မှတ်ပုံတင်တွေ ကို အလုပ်ရှင်တွေဘက်က သိမ်းဆည်းထားတယ်လို့ ပြောပါတယ်။
အလုပ်ခန့်စဉ်မှာလည်း EC စာချုပ် ချုပ်ဆိုတာမရှိသလို ၊ အလုပ်သမားကတ် တောင်းယူထာမျိုးလည်း မရှိဘူးလို့ အဲ့ဒီ အရောင်း ဝန်ထမ်းတွေက ပြောကြားထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026