NEWS

မိမိဆန္ဒအရ အလုပ်ထွက်သည်ဟု လက်မှတ်ထိုးခိုင်း ပြီး မြန်မာလုပ်သား၁၁ဦးကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခံရ

CoverLogo
193 Views
 
ထိုင်းနိုင်ငံ လယောင်မြို့ က ဓါတ်မီး ထုတ်လုပ်တဲ့ စက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၁ဦးကို မိမိဆန္ဒအရ အလုပ်ထွက်တယ်လို့ လက်မှတ်ထိုး ခိုင်း ကာ နစ်နာကြေး မပေးဘဲ အလုပ်မှ ထုတ်ပယ် လိုက်တယ်လို့ ၎င်း အမှု ကို ကူညီပေးနေတဲ့WAGအလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၀ ရက် က မြန်မာအလုပ်သမားတွေကို အလုပ်ရှင်သူဌေး ဖြစ်သူက ရုံးခန်း ကို ခေါ် ပြီး အလုပ်ရုံမှာ အလုပ်ပါးနေလို့ ဆိုကာ အလုပ်ဖြုတ်ဖို့ အတွက် မိမိသဘောဆန္ဒအရအလုပ်ထွက်တယ်လို့ စာချုပ်ထဲတွင် လက်မှတ်ထိုးခိုင်းကြောင်း သိရပါတယ်။
 
၎င်းလက်မှတ်ထိုး မှသာ ဖေဖေါ်ဝါရီ ၂၀ရက်အထိ အလုပ်ဆင်းရမှာ ဖြစ်ပြီး လက်မှတ်မထိုးပါက အလုပ်ဆင်းစရာ မလိုတော့ဟု အလုပ်ရှင်မှ ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
မြန်မာအလုပ်သမားတွေ ဘက်က လည်း လက်မှတ်မထိုးတာကြောင့် အလုပ်မှ ချက်ချင်း အထုတ်ခံရသဖြင့် WAGအလုပ်သမား မဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံ ခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိတွင် မြန်မာအလုပ်သမားတွေဟာ အလုပ်ရှင်သူဌေး မှ ထိုက်သင့်တဲ့ နစ်နာကြေးကို မပေးဘဲ အလုပ်ထုတ် တဲ့ အတွက် အလုပ်သစ်ရှာဖွေရန်နဲ့ စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။
 
WAGအလုပ်သမား မဟာမိတ်အဖွဲ့ အနေနဲ့ လည်း ယခု အမှု ကိစ္စကို ကူညီပေးရန် လက်ခံ ခဲ့ ပြီး မြန်မာအလုပ်သမားတွေရဲ့ နစ်နာမှု အတွက် ထိုက်သင့်တဲ့ နစ်နာကြေးရရှိဖို့ မြို့နယ် ဆဝါဒီကန် ရုံးမှာ အလုပ်သမားတွေနဲ့ အတူ သွားရောက် တိုင်ကြားသွားမယ်လို့ သိရပါတယ်။
 
မြန်မာလုပ်သားတွေဟာ ၎င်းလုပ်စက်ရုံ မှာ အလုပ်လုပ်နေတဲ့ သက်တမ်းမှာ ၁၀လ ဝန်းကျင်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026