NEWS

မလေးရှား သို့ တရားမဝင်လမ်းကြောင်း မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ဦး အဖမ်းခံရ

CoverLogo
515 Views
 
မလေးရှားနိုင်ငံ ထဲသို့ တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈ဦးကို ဩဂုတ်လ ၁၃ရက်က မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ မလေးရှားသတင်းဌာနတွေကဖေါ်ပြပါတယ်။
 
ဖမ်းဆီးခံရသူ ၈ဦး တွင် အမျိုးသား၅ဦးနဲ့ အမျိုးသမီး ၃ဦး တို့ ပါဝင်ကာ မြန်မာနိုင်ငံသားတွေကို လိုက်ပို့တဲ့ ယာဉ်မောင်း ထွက်ပြေးလွတ်မြောက်ပြီး ယာဉ်အတွင်း စစ်ဆေးရာမှာ မူးယစ်ဆေးဝါးအချို့ကိုပါ တွေ့ရှိခဲ့ရတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ဒါကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ လူဝင်မှုကြီးကြပ်ရေးမှု အပြင် မူးယစ်ဆေးဝါး မှု ကိုပါ တရားရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။
 
လူဝင်မှုကြီးကြပ်ရေးအမှုနဲ့ အဖမ်းခံရပါက အများဆုံး ထောင်ဒဏ် ၉လသာ ကျခံရနိုင်ပေမယ့် မူးယစ်အမှုသာ ရင်ဆိုင်ရပါက ပြစ်ဒဏ် နှစ်အတော်ကြာ ကျနိုင်တယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာ မလေးရှားနိုင်ငံ အတွင်း အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားလုပ်သားတွေကို အထူးစီမံချက်နဲ့ ဖမ်းဆီးနေသလို နယ်စပ်တွေမှာ လည်း တရားမဝင်တဲ့ လမ်းကြောင်းကနေ ဝင်ရောက်မှာစိုးတဲ့ အတွက် လုံခြုံရေး ပိုမိုတင်းကြပ်စွာဆောင်ရွက်နေတယ်လို့ သိရပါတယ်။
 
ဒါကြောင့် မလေးရှား နိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အထူးသတိပြုနေထိုင်သွားလာဖို့ နဲ့ မလေးရှားနိုင်ငံသားတွေ အနှောက်ယှက်မဖြစ်ရအောင် စည်းကမ်းတကျနေထိုင်သွားလာကျဖို့ မလေးရှားရှိ မြန်မာလူမှု အဖွဲ့စည်းတွေ က သတိပေးတာတွေပြုလုပ်လျက်ရှိပါတယ်။
Ref-Buletin TV3

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026