NEWS

မလေးရှား ရှိ KTV ဖျော်ဖြေစင်တာတွင် အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီး ၂၀ ကျော်အဖမ်းခံရ

CoverLogo
316 Views
 
မလေးရှားနိုင်ငံ၊ Negeri Sembilan ပြည်နယ်၊ Nilai မြို့မှာ မြန်မာနိုင်ငံသား ဖွင့်လှစ်ထားတဲ့ တရားမဝင် KTV ဖျော်ဖြေရေးစင်တာ ကို မလေးအာဏာပိုင်တွေ ဝင်ရောက်စီးနင်းရာ မြန်မာအမျိုးသမီး ၂၁ ဦး ကို ဖမ်းဆီးမိခဲ့တယ်လို့ မလေးရှား လူဝင်မှု ကြီးကြပ်ရေးက သတင်းထုတ်ပြန်ပါတယ်။
 
စက်တင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီ ၀၁ မိနစ်အချိန်မှာ မလေးရှား အာဏာပိုင်တွေ က အထူးစစ်ဆင်ရေး အဖြစ် KTV ဖျော်ဖြေရေးစင်တာကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပြီး ဦးစီးဆောင်ရွက်နေသူ မြန်မာအမျိုးသမီး ၁ ဦးနဲ့ စားပွဲထိုး အလုပ် လုပ်ကိုင်တယ်လို့ ယူဆရတဲ့ မြန်မာ အမျိုးသမီး ၂၀ ဦးကို ဖမ်းဆီးခဲ့တာ လို့ သိရပါတယ်။
 
ဖမ်းဆီးခံရသူတွေမှာ အသက်၂၀နှစ်မှ ၄၀ နှစ်ကြားရှိကာ လတ်တလော စစ်ဆေးချက်များအရ မြန်မာအမျိုးသမီး ၈ ဦးမှာ ဗီဇာရက်လွန်နေထိုင်သူတွေ ဖြစ်ပြီး ကျန် မြန်မာအမျိုးသမီး ၁၃ ဦးမှာ တော့ မည်သည့် အထောက်အထောက်မှ မရှိဘဲ နေထိုင်ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရတယ်လို့ဆိုပါတယ်။
 
အဆိုပါ KTV မှာ မြန်မာတွေ အတွက် သီးသန့် ဖွင့်ထားတဲ့ KTV ဖြစ်ပြီး သောကြာ၊ စနေ၊ တနင်္ဂနွေည တွင် သာ ဖွင့်လှစ်ပြီး KTV သို့ လာရောက်သူတွေအနေနဲ့ အရက် မှာယူရန် လိုအပ်ကာ လူ ၁ ဦးလျှင် မလေးရှား ရင်းဂစ် ၁၅၀ မှ ၂၀၀ အထိ ပေးချေကာ စားပွဲထိုး မိန်းကလေး ခေါ်ယူရတယ်လို့ သိရပါတယ်။
 
KTV စင်တာ ဖွင့်လှစ်ထားသည်မှာ ၃ လကြာ ပြီ ဖြစ်ပြီး မလေးရှား အာဏာပိုင်တွေ ဘက်မှ ဖမ်းဆီးနိုင်ရေး အတွက် နှစ်ပတ်ကြာ စုံစမ်းထောက်လှမ်းခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို Putrajaya လူဝင်မှုကြီးကြပ်ရေးရုံးကိုပို့ဆောင်ထားပြီးဆက်လက်အရေးယူဖို့လုပ်ဆောင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
CI လျှောက်ထားမှု အတွက် ဝမ် ၃ သောင်းသို့ ပြောင်းလဲကောက်ခံမည်ဟုတောင် ကိုရီးယားရှိ မြန်မာသံရုံးကြေညာ
Feb 09, 2026
Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026