NEWS

မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ

CoverLogo
144 Views
 
အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သားများ ကို နေအိမ် အခန်း များ ငှားရမ်း နေထိုင် ခွင့်ပြု တဲ့ အိမ်ပိုင်ရှင်တွေ ကို အရေးယူတာ တွေ ရှိလာတာကြောင့် မလေးရှား နိုင်ငံရောက် အထောက်အထားမဲ့ မြန်မာလုပ်သား များ အိမ်ငှားနေထိုင် ရန် အခက်ခဲဖြစ်လာတယ်လို့ မြန်မာအလုပ်သမားအရေးကူညီသူတွေ နဲ့လုပ်သားတွေထံမှ သိရပါတယ်။
 
မလေးရှား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၅၅E နှင့် ၅၆ အရ တရားမဝင် နေထိုင်သူတွေကို အိမ်ငှားရမ်းကြောင်း တိုင်တန်း သိရှိလို့ အဖမ်းခံရပါက အထောက်အထားမဲ့ တစ်ဦး စီအတွက် အနည်းဆုံးမလေးရှားငွေ ရင်းဂစ် ၅၀၀၀ မှ အများဆုံး ရင်းဂစ် ၃၀၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်သလို ထောင်ဒဏ် ၁နှစ် ထက်မပို့ တဲ့ ပြစ်ဒဏ်ကျမှတ်ခံရနိုင်တယ်လို့ Malaysia Myanmar Association (MMA)ထံမှသိရပါတယ်။
 
လက်ရှိ အခြေနေ တွင် မလေးရှားရောက် မြန်မာလုပ်သား များကို အထောက်အထားပါမစ်ရှိတာတောင် အချို့ အိမ်ရှင်တွေက ငှားရမ်းတာမျိုး မရှိဘူးလို့ လည်း သိရပါတယ်။
 
""တရားမဝင် နေထိုင်တဲ့ သူကို အိမ်ငှားထား လို့ အဖမ်းခံရရင် ဒဏ်ကြေးက တစ်ယောက်ထားရင်တစ်ယောက် အတွက် ပေးဆောင်ရမှာ အခု မလေးမှာက အဖမ်းဆီး တွေ တအားကြမ်းတယ် တရားမဝင် လုပ်သားတွေကို အိမ်ငှားထားလို့ အိမ်ရှင် တွေပါ အဖမ်းခံရ ဒဏ်ကြေးဆောင်ရတာတွေလည်းရှိလို့ တချို့ အိမ်ရှင်တွေက အထောက်ထားမရှိတဲ့ လုပ်သားတွေဆို မဌားချင်ဘူး နောက်ပြီးတော့ ပါမစ်ရှိတဲ့ မြန်မာလုပ်သား အချို့က အခန်းထဲ မူးပြီး အော်ဟစ်တာတွေ ဆူညံတာတွေ တချို့ သောက်စားပြီးရန်ဖြစ်တာတွေ လုပ်တော့ မြန်မာ ဆိုရင် ပါမစ်ရှိတာတောင် မငှားဘူးဆိုတာမျိုးတွေ ဖြစ်လာတာ အကုန်တော့မဟုတ်ဘူး နောက်ဆုံးတော​့ အထောက်အထားမရှိတဲ့သူတွေဘဲ ပိုခက်ခဲသွားတာပေါ့""လို့ မလေးရှားရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
ဒါကြောင့် မလေးရှား ရောက် မြန်မာလုပ်သားတွေ အနေနဲ့ယခု အိမ်ငှားနေထိုင်နေတဲ့ နေအိမ်တွေ ကနေ ပြောင်းမရွှေ့ရအောင် ဂရုစိုက် နေထိုင်ကျဖို့ နဲ့ မလေးရှား အာဏာပိုင်တွေက လူမှုကွန်ယက် Tik Tok စတာ တွေမှာ တင်ထားတဲ့ အကြောင်းရာ အချက်အလက် တွေကို နောက်ယောင်ခံ လိုက်ဖမ်းတာတွေ လည်းရှိတာကြောင့် သတိပြုကျဖို့ကို မလေးရှားရောက် မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ Malaysia Myanmar Association (MMA) အ အသိပေးထားပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026