NEWS

မလေးရှားသွား လမ်းခရီးတွင် မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ

CoverLogo
585 Views
 
ထိုင်းနိုင်ငံ ၊ ဆောင်ခလာပြည်နယ်၊ ချန်နာခရိုင်မှာ ရဲတပ်ဖွဲက မလေးရှားနိုင်ငံဆီ ပိုဆောင်ပေးတဲ့ ထိုင်းလူမျိုး နှစ်ဦးနဲ့ အတူ မြန်မာ ၁၀ ဦးကို ဖမ်းဆီးခဲ့တယ်လို Thaiger သတင်းမှာ ရေးထားပါတယ်။ ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းက ပြည်နယ် အဝေးပြေးလမ်းမပေါ်မှာ ဟွန်ဒါဆီဒင်ကားနဲ့ ပါဂျယ်ဒို ကားတွေပေါ်မှာလိုက်ပါလာတဲ့ ဖမ်းဆီးခံရတဲ့ မြန်မာလူမျိုးတွေနဲ့အတူ ထိုင်းလူမျိုးတွေကို တွေ့ရှိ ခဲ့ရတာပါ။
မလေးရှားနိုင်ငံကို တရားမဝင်သွားရောက်မဲ့ မြန်မာရွှေ့ပြောင်းသွားလာသူတွေကို လမ်းခုလတ်မှာပဲ ထိုင်း အမြန်လမ်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်းသွားလာသူတွေထဲမှာ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၃ ဦး ပါဝင်တယ်လို သိရပြီး အသက်အရွယ်တွေကိုတော့ ဖော်ပြမထားပါဘူး။
ထိုင်း ယာဉ်မောင်း ၂ ဦးက ရတ္တပူခရိုင်ကနေ ပတ်တာနီပြည်နယ်က မြိုတမြို့ဆီကို တဦး ဘတ်ငွေ ၂၀၀၀ နဲ့ ပိုဆောင်ပေးရမှာ ဖြစ်တယ်လိုလည်း Bangkok Post သတင်းစာကို ကိုးကားပြီး ဖော်ပြထားပါတယ်။ ဖမ်းဆီးခဲ့တဲ့ ဆောင်ခလာပြည်နယ် ကနေ မလေးရှားနိုင်ငံဆီ မိုင် ၁၅၀ ဝန်းကျင် ကွာဝေးပြီး ယာဉ်မောင်း အဆင့်ဆင့်က ခရိုင်အလိုက် ပိုဆောင်ပေးမှာ ဖြစ်တယ်လို သိရပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာတွေဟာ လွန်ခဲ့တဲ့ ငါးရက်က ရန်ကုန်ကနေ ထွက်ခွာလာသူတွေလို့ ထိုင်းရဲတပ်ဖွဲဝင်က ပြောပါတယ်။ မလေးရှားနိုင်ငံကို ရောက်သွားပါက တဦး ထိုင်းဘတ်ငွေ ၁၂၀၀၀၀ (အမေရိကန် ဒေါ်လာ ၃၅၇၀) ပေးရမှာ လိုလည်း ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်းသွားလာသူတွေက ပြောဆိုတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကလည်း ထိုင်းအဝေးပြေးလမ်း တစ်ခုပေါ်မှာ ပိုဆောင်ပေးသူ မြန်မာလူမျိုး ၂ ဦးနဲ့ အတူ တခြားမြန်မာလူမျိုး ၁၀ ဦးကို အယုဒ္ဓလူဝင်မှုကြီးကြပ်ရေးအဖွဲနဲ့ ပူးပေါင်းအဖွဲတွေက ဖမ်းဆီးခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026