NEWS

မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ

CoverLogo
166 Views
 
မလေးရှားကို အလုပ်သွား လုပ်ရန် ပွဲစားခ ဘတ်၅သောင်းမှ ၁သိန်းအထိ ပေးလာရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၆၀ နီးပါးဟာ ထိုင်းနိုင်ငံ အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ဖြင့် အဖမ်းခံရတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
 
မတ်လ၅ရက် နေ့မှာ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ (CIB) က ဆုန်ခလာခရိုင်၊ ရတ်တာဖူးမြို့နယ်ထဲက အပန်းဖြေစခန်း (resort) တစ်ခုကို ဝင်ရောက် စစ်ဆေးမှု ပြုလုပ်ရာ တွင် မြန်မာနိုင်ငံသား ၄၁ ဦးနဲ့အတူ ပွဲစား ၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
 
အဖမ်းခံရတဲ့ ၄၂ဦး တွင် အသက်၅နှစ်နဲ့၁၀နှစ်အရွယ် ကလေးငယ် ၂ဦး ပါဝင်ပြီး ပွဲစား ၇ဦးတွင်လည်း မြန်မာနိုင်ငံသား ၂ဦးနဲ့ ထိုင်းနိုင်ငံသား ၅ဦး ပါဝင်တယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။
 
၎င်းတို့ဟာ မလေးရှား နိုင်ငံသို့ သွားရောက် အလုပ်လုပ်ဖို့ ရည်ရွယ် လာရောက်ကျတာဖြစ်ပြီး ခရီးစရိတ်အနေနဲ့ ဘတ် ၃၅၀၀၀မှ ၅၀၀၀၀ အထိ ကုန်ကျခဲ့ကာ အချို့မှာ ပွဲစားတွေထံ ငွေပေးချေထားပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
ထပ်မံပြီး ကန်ချနဘူရီခရိုင် ဘန့်ကောက်(Ban Kao)ရှိ အဝေးပြေး လမ်းပေါ် ရှိ ပစ်ကပ်ကားတစ်စီး ကို အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့ က မင်္သကာ သဖြင့် တားဆီးစစ်ဆေးရာ မရပ်ပေးဘဲ အရှိန်ဖြင့် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာမှာ မြန်မာလုပ်သား၁၆ဦး ကို ဖမ်းမိခဲ့တယ်လို့ အဝေးပြေးရဲတပ်ဖွဲ့ မတ်လ၆ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
 
၎င်းကားကို ရဲတပ်ဖွဲ့မှ စစ်ဆေးရန် တားဆီးစဉ် မောင်းပြေးပြီး နောက် အိမ်တစ်လုံး အတွင်း သို့ ဝင်ရောက်ရပ်တန့် ကာ ကား​ပေါ်ပါ လာသူတွေဟာ အိမ်နောက်ရှိတောအုပ်ထဲသို့ ထွက်ပြေးခဲ့ပေမယ့် နောက်ဆုံးမှာ ဖမ်းမိခဲ့တာ ​ဖြစ်တယ်လို့ သိရပါတယ်။
 
ဖမ်းမိသူတွေ မှာ မြန်မာလုပ်သား၁၆ဦးနဲ့အတူ ကြံရာပါ၅ဦး ပါဝင်ပြီး ၎င်းတို့ဟာ ဆောင်ခလာဘူရီခရိုင်ရှိ သဘာ၀ လမ်းကြောင်းကတစ်ဆင့် နယ်စပ်ဖြတ်ကျော်လာကျခြင်းဖြစ်ကာ မလေးရှားသို့ သွားရောက်ဖို့ လုပ်သားတစ်ဦးလျှင် ဘတ် ၁သိန်းအထိ ပေးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
အဖမ်းခံရသူတွေကို ဥပဒေ အရ အရေးယူ ဖို့ သက်ဆိုင်ရာ မြို့နယ် စစ်ဆေးရေးအရာရှိတွေထံ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။
 
Ref-CH7 News,hight way 1193

Related posts

Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026