NEWS

မလေးရှားသွားရန် ပွဲစားခ ဘတ် ၆ သောင်းကျော်အထိ ပေးခဲ့ရတဲ့ မြန်မာလုပ်သမား ၂၉ ဦး ထိုင်းမှာ အဖမ်းခံရ

CoverLogo
414 Views
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ နွန်ဘူယာမြို့နယ် က ကျေးရွာတစ်ခု တွင် မလေးရှားသို့ သွားမယ့် အထောက်အထားမဲ့ မြန်မာလုပ်သား ၂၉ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေအရသိရပါတယ်။
 
နိုဝင်ဘာ ၁၅ ရက် က မနက်၁၁နာရီခွဲလောက်မှာကန်ချနဘူရီ လူဝင်မှုကြီးကြပ်ရေး အဖွဲ့ဟာ နံပါတ်ပြား အလိုအလျောက်စစ်ဆေးတဲ့စနစ်ကနေ သတင်းပေးလာတဲ့ သံသယရှိဖွယ်ကားတစ်စီးကို မြန်မာလုပ်သားတွေ နေတဲ့ အခန်းရှေ့မှာ တွေ့ရှိတဲ့ အတွက် ဝင်ရောက်စစ်ဆေးရာ ကနေ အဖမ်းခံရတာ ဖြစ်ပါတယ်။
 
ကားသမား ဝရဖန်ကို စစ်ဆေးရာ လိကျားဘုရားကျောင်းနားက တောထဲမှ သွားကြိုခဲ့ပြီး ကားခ အတွက် တစ်ယောက်ကို ဘတ် ၁,၂၀၀ ရကြောင်း၊ မြန်မာ အလုပ်သမားတွေကို ဆမွတ်စခွန်သို့ မပို့ခင် ခဏတဖြုတ်ထားဖို့အတွက် အခန်း ၂ ခန်း ငှားထားတာဖြစ်ပြီး အခန်းတစ်ခန်းတွင် မြန်မာအလုပ်သမားတွေကို ထားရှိကာ တစ်ခန်းကိုတော့ သူ့နေအိမ်အဖြစ်အသုံးပြုတယ်လို့ သိရပါတယ်။
 
အခန်းထဲတွင် မြန်မာအလုပ်သမား အမျိုးသား ၁၆ ယောက်၊ အမျိုးသမီး ၁၁ ယောက်နဲ့ ကလေးမလေး ၂ ယောက် တွေ့ရှိရပြီး အထောက်ထားစာရွက်စာတမ်းများ မတွေ့ရှိ ဘူး လို့ သိရပါတယ်။
 
မြန်မာလုပ်သမားတွေရဲ့ ထွက်ဆိုချက်အရ ၎င်းတို့ဟာ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ အတွက် စံခလပူရီ မြို့နယ်ကနေတစ်ဆင့် ခိုးဝင်လာခဲ့တာဖြစ်ပြီး ပွဲစားကို တစ်ယောက် လျှင် ဘတ် ၅၅,၀၀၀ ကနေ ၆၅,၀၀၀ အထိ ပေးခဲ့ရတယ်လို့ သိရပါတယ်။
ဖမ်းခံရသူတွေ ကို ကန်ချနဘူရီ ရှိ မြို့မရဲစခန်း သို့ ပို့ဆောင် ထားပြီးဥပဒေအရ ဆက်လက်အရေးယူသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
 
Ref-โจโฉ

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026