NEWS

မလေးရှားသွားမည့် မြန်မာလုပ်သား၄၀ ကျော် ထိုင်းတွင် အဖမ်းခံရ

CoverLogo
512 Views
 
ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီခရိုင်ထဲ မှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၄၂ ဦး ဖမ်းဆီးခံရတယ်လို့ ကန်ချနဘူရီ ဒေသတွင်း သတင်းမှာဖေါ်ပြထားပါတယ်။
 
ဇူလိုင် ၂၉ရက် က ထိုးဖားဖမ်းဒေသ မှာ နိုင်ငံခြားသား များ တရားမဝင် ဝင်ရောက်ကြောင်း ကြိုတင် သတင်းရရှိတဲ့ အတွက်သက်ဆိုင်ရာ နယ်မြေခံ အာဏာပိုင်တွေက ဂိတ်ချ စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
ထိုသို့ ဂိတ်ချ စစ်ဆေးနေစဉ် ကားနှစ်စီး မှာ လမ်းကြောင်းပြောင်းကာ မောင်းပြေးသွားတဲ့ အတွက် အာဏာပိုင်တွေက လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
 
ကားနှစ်စီး ကို တွေ့ရှိချိန်မှာ ယာဉ်မောင်းသူတွေ ထွက်ပြေး သွားပြီး ကားပေါ်တွင် အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၁၁ ဦးနဲ့ ကလေး ၂ ဦး တွေ့ရှိရတယ်လို့ သိရပါတယ်။
 
အဆိုပါမြန်မာနိုင်ငံသား ၄၂ဦး တွင် ၉ဦးမှာ နေထိုင်ခွင့်စာရွက်အထောက်အထား ရှိသူတွေ ဖြစ်ပြီး ကျန်၃၃ဦးကတော့ နေထိုင်ခွင့်အထောက်အထားမတွေ့ရှိသဖြင့် ဖမ်းဆီးခဲ့တယ်လို့သတင်းမှာဖေါ်ပြထားပါတယ်။
 
ကနဦး စစ်ဆေးမေးမြန်းမှုတွေအရ ၎င်းတို့ မှာ မလေးရှား တွင် အလုပ်လုပ်ဖို့အတွက် ပွဲစားတွေကို တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ ကနေ ၂၀,၀၀၀ ကြား ပေးခဲ့တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။
 
ဖမ်းဆီးရမိသူအားလုံးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံသို့ ဝင်ရောက်နေထိုင်ခြင်းဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုဖို့ သောင်ဖာပွန်ရဲစခန်းကို ပို့ဆောင်ခဲ့ပြီး ထွက်ပြေးနေတဲ့ ယာဉ်မောင်းတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရပါတယ်။
Ref-Kanchanaburi News

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026